Thursday, October 29, 2009

ပန်းကလေးများလည်းပွှင့်ဖူးဝေနေပါတယ်

လောကကိုအလှဆင်ကြရာဝယ် မေတ္တာဖြင့်ဆင်မြန်းခြင်းသာလျှင်သာယာလှပသော ကမ္ဘာတစ်ခုကို ပိုင်ဆိုင် နိုင်ပါလိမ့်မယ်။ သောကတွေ များနေတဲ့ ဒီလောက ဒီကမ္ဘာမှာ လောကကို သောကနဲ့ အလှဆင်နေတာ ဘယ် လောက်များတောင်ကြာသွားပါပြီလဲ။ သောကကို အဘိဓမ္မာကျမ်းများ၌ ၀မ်းနည်းမှုကို ဆိုလိုပါတယ်။ ဝေဒနာ - ဒေါမနဿဝေဒနာ စေတသိက်ကိုပင် ၀မ်းနည်းစရာတွေ့၍ စိတ်မချမ်းသာဖြစ်ရာ၌ သောကဟုခေါ်ရလေသည်။ ဤသောကဖြစ်တိုင်း ဒေါသလည်းပါနေသောကြောင့် ဒေါသနှင့်စပ်၍ သောကအကြောင်းကိုလည်း သိသင့်သည်။ သောက၏၀မ်းနည်းမှု သည်ယခုလူတွေမှာ များပြားလွန်းလှပါသည်။ မိမိနှင့်ချစ်ခင်နေသော ဆွေမျိုးစသည်တို့ ပျက်စီး၍ ၀မ်းနည်းရခြင်း ၊စည်းစိမ်ဥစ္စာပျက်စီးဆုံးရှုံး၍ ၀မ်းနည်းရခြင်း မိမိအကျိုးကိုလိုလား သော မိတ်ဆွေများ၌ ဥစ္စာပျက်စီး၍ ၀မ်းနည်းရခြင်းများထက် သောကချည်းတည်း။ ဒါကြောင့် သောက ငြိမ်းအောင် မေတ္တာပွားများပါ။ မေတ္တာ ဆိုတာ နားလည်အောင်ပြောရရင် စိတ်မဆိုးတာ ဘယ်သူ့ဘယ်သူ့အပေါ်ကိုမှ စိတ်မဆိုးတာ လို့ သီတဂူဆရာတော်ဘုရားကြီး ဟောတော်မူဘူးပါတယ်။

ကျန်းမာချမ်းသာကြပါစေ။
မောင်သန့်

Tuesday, April 15, 2008

ကျွန်တော့်လီဗာပူး

လီဗာပူးအသင်း

Monday, March 31, 2008

Saturday, March 22, 2008

Steven Gerrard & Torress

GERRARD AND TORRESSS

Steven Gerrard & Torress

GERRARD AND TORRES

Wednesday, March 12, 2008

ပိုင်ဆိုင်ခွင့်မရှိတဲ့ အချစ်


ကောင်မလေးရေ

မမေ့ခဲ့ပါဘူး

ရွေးချယ်ခွင့်မရှိခဲ့တဲ့..ငါ့ဘ၀မှာ

အရာရာကိုထိတ်လန့်နေခဲ့ရတယ်

မင်း..ဘယ်တော့များ.ငါ့ရင်ထဲကထွက်သွားမှလဲပေါ့

ဘယ်သူတွေကငါ့အချစ်တွေကို စာနာပေးနိုင်မလဲလို့

အခါခါစဉ်းစားရင်း..ကြေကွဲနေခဲ့ရသူပါ.

ပိုင်ဆိုင်ခွင့်မှရှိတဲ့.ငါ့ဘ၀ကို

ငါ….မုန်းတီးနေမိတယ်

ချစ်တယ်ဆိုတဲ့…စကားလေးတွေတောင် မင်းဆီကကြားခွင့်မရှိတာ.

မင်း..ကိုယ့်ကို တကယ်မချစ်ခဲ့တာလား

ကောင်မလေးရယ်

Monday, February 25, 2008

တစ်စုံတစ်ယောက်ကို ချစ်မိခြင်းနဲ့ ခင်မင်မှုကြားမှာ ရှိတဲ့ကွာဟာမှုများ


မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းချစ်သွားပြီဆိုရင်မင်းရင်တွေအရမ်းခုန်သွားလိမ့်မယ်

တကယ်လို့ မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းခင်သွားပြီဆိုရင်မင်းပျော်ရွှင်မှုတွေရလိမ့်မယ်။

မင်းရဲ့ရှေ့ကမင်းရဲ့ရှေ့ကလူတစ်ယောက်ကို မင်းချစ်သွားပြီဆိုရင်မင်းရှေ့မှာဆောင်းရာသီလေးတစ်ခုပေါ်ထွက်လာ တယ်လို့မင်းထင်လိမ့်မယ်။တကယ်လို့ မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်း ခင်သွားပြီဆိုရင် မင်းရှေ့မှာ ဆောင်းရာသီလေးတခုက ဆောင်းရာသီလေးလို လှပနေပါလိမ့်မယ်။

တကယ်လို့မင်းချစ်တဲ့သူရဲ့မျက်လုံးအတွင်းကိုမင်းကြည့်လိုက်မိတယ်ဆိုရင်၊မင်းမျက်နှာတွေနီမြန်းပြီ ရှက်သွား လိမ့်မယ်။ဒါပေမယ့်မင်းခင်တဲ့သူရဲ့မျက်လုံးတွေကိုမင်းကြည့်လိုက်မိတယ်ဆိုရင်၊မင်းပြုံးသွားပါလိမ့်မယ်။

မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းချစ်သွားပြီဆိုရင်မင်းစိတ်ထဲကအကြောင်းအရာတွေအားလုံးကို မင်းဖွင့်ပြော နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းခင်သွားပြီဆိုရင်မင်းဖွင့်ပြောပါလိမ့်မယ်။

မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းချစ်သွားပြီဆိုရင်မင်းရှက်ရွှံ့ခြင်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ တကယ်လို့ မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းခင်သွားပြီဆိုရင်မင်းဟာ မင်းရဲ့ကိုယ်ပိုင်ဟန်အနေအထားအတိုင်းရှိနေပါ လိမ့်မယ်။

မင်းချစ်တဲ့သူတစ်ယောက်ကိုမင်းမျက်လုံးချင်းတိုက်ရိုက်ယှဉ်ပြီးမကြည့်ရဲပါဘူး။မင်းခင်တဲ့သူတစ်ယောက် ကိုဆိုရင်မင်း မျက်လုံးလေးတွေဟာပြုံးရင်းတိုက်ရိုက်ကြည့်ရဲနိုင်ပါတယ်။

တကယ်လို့မင်းချစ်တဲ့သူတစ်ယောက်ဟာငိုကြွေးနေတယ်ဆိုရင် မင်းဟာလည်းသူနဲ့အတူငိုမိမှာပါပဲ။

ဒါပေမယ့်မင်းခင်တဲ့သူတစ်ယောက်ဟာငိုကြွေးနေမယ်ဆိုရင် မင်းဟာသူကို မငိုဖိှု့နှစ်သိမ့်ပါလိမ့်မယ်။

ချစ်ခြင်းရဲ့အစဟာ မျက်စီကပါ။ခင်မင်မှုရဲ့ အစကတော့နားကပါ။

ဒါကြောင့်မင်းဟာ လူတစ်ယောက်ကို ခင်မင်မှုတွေရပ်တင်ချင်တင်ဆိုရင်တော့ မင်းလိုအပ်တာကတော့မင်းရဲ့ နားတွေကို ဖုံးအုပ်ကာကွယ်ထားရပါမယ်။

အကယ်၍မင်းမျက်လုံးတွေကိုပိတ်ပစ်ဖို့မင်းကြိုးစားလိုက်မယ်ဆိုရင်၊အချစ်ကမင်းကိုမျက်ရည်စက်တွေ အဖြစ်ဖန်ဆင်းပေးမှာဖြစ်ပြီး မင်းရဲ့နှလုံးသားကိုလည်းအမြဲတမ်းနာကျင်မှုတွေ ကျန်နေရစ်မှာပါ။

ဒါကတော့ အချစ်နဲ့ ခင်မင်မှုကြားမှာရှိတဲ့ ကွာခြားနေတဲ့ အချက်လေးတွေပါပဲ

Friday, February 22, 2008

Some abbreviations that we hear, read, and use and we don't know their meanings

တချို့ ကအတိုကောက်စာလုံးတွေ သိပေမယ့် ၊သူတို့ရဲ့ အဓိပ္ပါယ်အရှည်ကို
မသိကြတာများပါတယ်.မသိသေးတဲ့မောင်နှမတို့ သိသွားအောင်တင်ပေး
လိုက်ပါတယ် ..
GPRS

(General Packet Radio Service)
FM
(Frequency Modulation)
AM
(Amplitude Modulation)
IP
(Internet Protocol)
TCP/IP
(Transmission Control Protocol and Internet Protocol)
ISP
(Internet Service Provider)
VHF
(Very High Frequency)
UHF
(Ultra High Frequency)
LCD
(Liquid-Crystal Display)
MPEG
(Moving Pictures Experts Group)
MP3
(MPEG-1 Audio Layer 3)
RAM
(Random Access Memory)
WAN
(Wide Area Network)
LAN
(Local Area Network)
3D
(3 Dimensional)
3G
(3rd Generation)
CD
(Compact Disc)
DVD
(Digital Versatile/Video Disc)
DVDR
(Recordable DVD)
DVDW
(Rewriteable DVD)
SMS
(Short Messaging Service)
MMS
(Multimedia Messaging Service)
IT
(Information Technology)
FAQ
(Frequently Asked Questions)
DSL
(Digital Subscriber Line)
IPO
(Initial Public Offerings)
FBI
(Federal Bureau of Investigation)
CIA
(Central Intelligence Agency)
S.W.A.T
(Special Weapons and Tactics)
GMC
(General Motors Corporation)
BMW
(Bavarian Motor Works)
HP
( Hewlett-Packard)
WWW
(World Wide Web)

Mobile Phones Secrets Codes


Mobile Phones Secrets Codes



ဒိနေ့ တော့ မောင်နှမတို့ အတွက် အသုံးဝင်မယ့် ဖုန်းနဲ့ ပါတ်သက်သော CODES

လေးတွေတင်ပေးလိုက်ပါတယ် ..အကျိုးရှိရှိအသုံးပြုနိုင်ပါစေ

Sharp Secret Codes
*01763*8371# (*01763*VER0#) — Firmware Version.
*01763*3641# (*01763*ENG1#) — Enable Engineer Mode hold pwr key to leave then disable.
*01763*3640# (*01763*ENG0#) — Disable Engineer Mode.
*01763*8781# (*01763*TST1#) — Test #1 (test early wdt looping to dump, need to remove battery from phone)
*01763*8782# (*01763*TST2#) — Test #2 (test irq dis looping to switch, resets itself)


BenQ-Siemens Secret Codes
Software version:
*#06#
to see more info, press softkey again
English menu:
*#0001#
Deutsch menu:
*#0049#

LG Secret Codes
LG all models test mode: Type 2945#*# on the main screen.
2945*#01*# Secret menu for LG
IMEI (ALL): *#06#
IMEI and SW (LG 510): *#07#
Software version (LG B1200): *8375#
Recount cheksum (LG B1200): *6861#
Factory test (B1200): #PWR 668
Simlock menu (LG B1200): 1945#*5101#
Simlock menu (LG 510W, 5200): 2945#*5101#
Simlock menu (LG 7020, 7010): 2945#*70001#

Samsung Secret Codes

Software version: *#9999#
IMEI number: *#06#
Serial number: *#0001#
Battery status- Memory capacity : *#9998*246#
Debug screen: *#9998*324# - *#8999*324#
LCD kontrast: *#9998*523#


Motorola Secret Codes

IMEI number:
*#06#
Code to lock keys. Press together *7
Note: [] (pause) means the * key held in until box appears.
Select phone line - (use this to write things below the provider name):
[] [] [] 0 0 8 [] 1 []
Add phonebook to main menu:
[] [] [] 1 0 5 [] 1 []
Add messages to main menu:
[] […]

Sony Ericsson Secret Codes

Sony Ericsson Secret Menu: -> * <- <- * <- * (-> means press joystick, arrow keys or jogdial to the right and <- means left.) You’ll see phone model, software info, IMEI, configuration info, sim lock status, REAL time clock, total call time and text labels. You can also test your phones services and hardware from this […] Nokia Secret Codes
On the main screen type
*#06# for checking the IMEI (International Mobile Equipment Identity).
*#7780# reset to factory settings.
*#67705646# This will clear the LCD display(operator logo).
*#0000# To view software version.
*#2820# Bluetooth device address.
*#746025625# Sim clock allowed status.
*#62209526# - Display the MAC address of the WLAN adapter. This is available only in the newer devices that supports WLAN […]

General Nokia 8810 Secrets Codes
IMEI number
*#06#
Software Version
*#0000#

Saturday, February 16, 2008

နေ၀င်တော့မည် အိုနှမ

နေ၀င်တော့မည် အိုနှမ

နေ၀င်တော့မည်
ကောင်းကင်ဆီဝယ်
နေခြည်အရောင်၊တိမ်အရောင်သည်
ညိုရောင်ယှက်သန်း နေလေပြီ။

အိုဘယ့် နှမ၊ချစ်နှမငဲ့
မြစ်မကမ်းဘေး၊ထိုင်ကာငေး၍
လွမ်းဆွေး မနေပါနှင့်တော့။

ယခုပင်လျှင်၊ရေအိုး ငင်၍
ရေစင်အပြည့် ခပ်ပါဘိ။

ရေခပ်ပြီးသော်
ခရီးလမ်းမှာ၊မောပန်းလာသော
သူငါအများ၊ခရီးသွားကို
ကြီးမာမေတ္တာ၊စေတနာဖြင့်
ကြည်သာချိုမွှေး၊သင့်ရေအေးကို
တိုက်ကျွေးပြုပါ့ အိုနှမ။


ဆရာမင်းယုဝေ ရေးသားထားတာပါ ..
..

တိတ်တိတ်လေး

ကဗျာမတတ်
စာဖွဲ့ ရန်ခက်တော့

လင်္ကာမသိ
စာမညှိတတ်တော့

ရင်မှာသိုထား
ဝေဒနာများကို

သူသိအောင်
ကြေငြာချင်လဲ

တိတ်တိတ်ခံစား
သိမ်းလို့ ပဲထားတော့မယ်။။
.

Wednesday, February 13, 2008

အညာပြည်သို့

(၁)
နေမပွင့်သည်
တိမ်ဖြင့်ဖုံးကွယ်၊ မိုးအပြယ်၌
(၂)
မောင်တို့ဋ္ဌာနီ
အညာပြည်ဝယ်၊ ကြေးစည်သံဝေ
သာမဏေလျှင်၊ ရွာစဉ်ကြွလှမ်း
နှမ်းဆွမ်းအလှူခံတော့မည်။
(၃)
မြိုင်တစ်လျှောက်တွင်
မိုးပေါက်ရေစက်၊ ဖိတ်စဉ်သက်က
ညွှန့်ခက်နုပျို စိုတော့မည်။
(၄)
တောင် ပုံတောင်မှ
ရွေ့လျားစီးကွေ့၊ ချုံနွယ်ဝှေ့ပြီး
စုတွေ့ဆုံပေါင်း၊ ကောက်သည့်ချောင်းလျှင်
တောင်စောင်းအောက်သို့ကျတော့မည်။
(၅)
သည်မိုးလယ်တွင်
မပြယ်ခင်ကို၊ နေ့စဉ်သတိ
မှတ်မိတစေ၊ အောက်မေ့ချေသည်
အိမ်နေသူအား လွမ်းဆွတ်ဖျား၍
မိုးသာတဆင့်၊ မှာကြားလင့်တည်း
တွေ့ခွင့်အရေး၊ ရှည်မြင့်သေး၏
ပြည်ရေးတာဝန်၊ ထမ်းရွက်ပွန်မို့
သွန်မိမျက်ရည်လည်ခဲ့တကား။
(တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း ဝေးရပ်မြေမှ အိမ်သူသက်ထား ဇနီးမယား(သို့) ချစ်သူ အား လွမ်းဆွတ်ဖျားသူများအတွက်)

Tuesday, February 12, 2008

အမေအိုနှင့်သားများ

(၁)

သောကမီးလျှံ….
လွင့်ပျံမိုးမြေ၊ ဆူပွက်ဝေမျှ
အမေမချိ၊ နွမ်းပူဖိရှင့်
ပရိဒေ၀၊ တောက်လှောင်လှသည်
ခြေချရာပင်၊ မြေ၀ယ်ထင်ဟု
စိတ်တွင်မသိ၊ မျက်ရည်ပြည့်နှင့်
သတိမနိုင်၊ လွမ်းမီးအိုင်သည်
ယိုင်လဲမတတ်၊ ရပ်ရရှာတကား။

(၂)

အုန်းအုန်းကျွက်ကျွက်၊ တစ်ခဲနက်ပင်
ယေက်ယက်ခတ်ခတ်၊ မင်းပရိတ်သတ်တို့
မရပ်လက်ခုတ်၊ တီးခတ်လှုပ်၏
အုတ်အုတ်သောသော၊ ချီးမွမ်းပြောရှင့်
တောသူအချို့၊ မြို့သူအစုံ
အပုံအယင်၊ ကြည့်ကမြင်လိမ့်
ခေါင်းတွင်ခေါင်းပေါင်း၊ ရှေးမူဟောင်းတိ
ကြော့တောင်းသပ်ရပ်၊ ဘီးဆံပတ်နှင့်
ရောင်ဟပ်ဝတ်စုံ၊ ဆေးမျိုးပံသို့
ကြုံခဲ့လေရာ၊ ဤအခါသည်
မင်္ဂလာဆောင်၊ ထောင့်တစ်ချောင်လော
လူ့ဘောင်ခမ်းဝါ၊ သာသနာသို့
ပို့လာအလှူ၊ တောင်းဆုယူလော့
လူသူခဲခဲ ၊ရွေးကောက်ပွဲတွက်
သဲမဲရုံးစု ၊ ဆန္ဒပြုလော
အနုစာပေ၊ အထွေထွေလျှင်
ရှာဖွေဆွေးနွေး၊အစည်းဝေးလော
ဖွေးဖွေးလှုပ်ရှား၊ ပဲ့တင်များသည်
စကားရည်ပြိုင်၊ ဥာဏ်ချင်းဆိုင်၍
အနိုင်လုယက်၊ မွေ့လျော်ချက်လော
တွေးတောမဆုံးနိုင်ပေ အိုအဆွေ။

(၃)

ဤနေရာကား….
တို့ထင်ထားရာ၊မဟုတ်ပါတည့်
ပြည်ရွာအတွက်၊အားမာန်တက်၍
အသက်ကိုစွန့်၊နောက်မတွန့်ဘဲ
မလွန့်မလူး၊တပ်တော်ဦးဝယ်
ကျူးကျော်ထိပါး၊ရန်သူများနှင့်
မီးပွားရန်ကြွေး၊တိုင်းပြည်ဘေးကို
မနှေးတိုက်ခိုက်၊သေနပ်ပိုက်လျက်
လိုက်လံရှင်းပျော်၊တပ်မတော်၏
တပ်တော်သားများ၊သတ္တိအားကို
ခွဲခွာချီးမြှင့်၊ဘွဲ့နှင်းဆင့်သည်
နိမ်မြင့်မဟူ၊အောင်ပွဲသူကို
ပူဇော်စုံလင်၊ဘွဲ့ဆင်ယင်ရာ
သဘင်မင်းခမ်းမင်းနား ဖြစ်သတည်း။
(၄)


ဤထောင်ချောက်ဝယ်….
'အောင်ဆန်းသူရိယ'၊ထိုမှစ၍
'သီလဗလ'၊'သူရ'သို့တိုင်
အခိုင်အမာ၊ထိုက်သင့်ရာကို
မြှင့်ကာဝေဆဲ၊လူမဆဲတည့်
လက်ကွဲခြေပြတ်၊သက်ရှိလတ်လော
တပ်မတော်သား၊လူ့စွန့်စားတို့
ကြွားကြွားဝင့်ဝင့်၊ယူငင်နှင့်ပြီ
မျှော်လင့်ငံ့ဆိုင်း၊ခါကိုင်းကိုင်းဖြင့်
အိုင်းအိုင်းသံဝါ၊တုန်ယင်ရှာသော
ဇရာဖိဖြို၊အမေအိုလျှင်
ထိုစင်မြင့်မှ….
"ကျဆုံးရဲခေါင်၊သတ္တိပြောင်၍
အောင်ဆန်းသူရိယ၊ရ၍ကိုယ်စား
ဖွားသည့်မိခင်"၊ဖိတ်ခေါ်ငင်သော်
မမြင်မကမ်း၊ဆုယူလှမ်းရင်း
ပင်ပန်းလှိုက်ဖို၊ငိုပြီးငိုသည်
မိုမို့ပါးထက်ရွှဲသကား။

(၅)
မျက်ရည်များလျှင်
ပါးပျင်ထက်လိမ့်၊တစိမ့်စိမ့်တည့်
သိမ့်သိမ့်ထွန်းအိုင်၊တဖြိုင်ဖြိုင်ပင်
လှိုင်လှိုင်များပြား၊ မရပ်နားတော့
ပါးရည်တွန့်လိပ်၊ ကြောတွဲအိပ်နှင့်
တံဆိပ်ပိုက်ကာ၊ ပူမီးဖြာရှင့်
နှုတ်မှာရွရွ ၊ မြည်တမ်းတသည်
`` ငါ့သားကိုမှ၊ သေမင်းကလျှင်
တိကျရွေးချယ်၊ ရနိုင်လွယ်၍
အမယ်အိုကြီး၊ တစ်ယောက်တည်းကို
ထားပြီးယူဆောင်လေသလော´´
အမောဖြေရင်း၊ ရှိုက်သံညှင်းနှင့်
ငိုချင်းချခဲ့ပြန်တကား။

(၆)

ထိုအခါဝယ်……..
နုနယ်ပျိုမျစ်၊ပြည်သားစစ်တို့
ညိုညစ်မဆို၊ အမေအိုတို့
ရှေ့ကိုတိုးကာ၊ ပြောကြားရှာ၏
`မာတာ၏သား၊ ဇာနည်ဘွားလျှင်
များပြားရန်အောင်၊ အလောင်းတောင်ဝယ်
ပြည်ထောင်စုအလံ ၊ စိုက်ထူပျံရှင့်
နှံခဲ့အသက်၊ သွေးပွက်ပွက်လည်း
လှေခွက်ချည်းကျန်၊ အလံမလှဲ
ရဲစွမ်းသတ္တိ၊ ထွန်းပြောင်ဘိကို
အမိဂုဏ်ယူ၊ သတ္တိမူလော့
သေသူလည်းသား၊ သူလည်းသားပင်
သား၏ကိုယ်စား၊ မွေးပါညား´ ဟု
အာပါးတရ၊ တရားချသည်
ပြည့်ဝကြင်နာ၊ မြှင်းမြှင်းတကား။

(၇)

အမေအိုလျှင်……..
ထိုသို့သတင်း၊ ကြားရခြင်းဖြင့်
ရင်တွင်းမှမီး၊ ပြေလျော့နည်းခဲ့
ရှိုက်ညှင်းတိုးတိတ်၊ ငိုသံဆိတ်ခဲ့
မထိတ်ပြာတော့၊ မျက်နှာမော့၏
``သားးကြော့မသေ၊ ရှိပါချေသေး
စစ်မြေမှဖွား၊ လုလင်များသည်
ငါသားချည်းပင်၊ ချစ်တုံ့တင်အံ့´´
ရင်ခွင်မှာပိုက်၊ ဘွဲ့မကိဋဖြင့်
တုန်ခိုက်လမ်းလျှောက်၊ ချစ်မာန်မောက်သော်
ထက်အောက်မိုးမြေ၊ ချီးမွမ်းပေတည်း
အမေအိုနှင့်သူ့သားများ။ ။

(တိုက်ပွဲအသီးသီးတွင်ကျဆုံးသွားရှာခဲ့ပြီးဖြစ်သောတပ်မတော်ရဲဘော်ရဲဘက်များ၏ မိခင်များကိုဤ အလင်္ကာဖြင့် ပူဇော်ကန်တော့ ဦးခိုက်အပ်ပါသည်)
ထီလာစစ်သူ

Monday, February 11, 2008

ကျွန်တော် နှစ်သက်သောဟာသ(၆)

လက်ပံကုန်းသား


တစ်နေ့သ၌ လက်ပံကုန်းရွာမှ မောင်ရိုးဆိုသူ လူတစ်ယောက်မှာ ရွာလည်လမ်းအတိုင်း လျှောက်လာရင်း တဟီးဟီး တဟားဟားဖြင့် ရယ်မောဟားတိုက်ပြီး သဘောကျ၍နေလေသည်။
ထိုအခိုက် ၄င်း၏ဦးလေးဖြစ်သူနှင့် တွေ့ လေရာ ဦးလေးက မောင်ရိုးအား ၊ ဤမျှလောက်သဘောကျ ရယ်မောနေခြင်း အကြောင်းကို သိလို၍ မေးမြန်းသောအခါ မောင်ရိုးက-
`ဇီးကုန်းရွာကလူတစ်ယောက်ပါဗျာ၊ ကျွန်တော်ကို မင်းက မကျည်းကုန်းရွာသားလားကွ ဆိုပြီး ထိုးလိုက်ကြိတ်လိုက်တာဗျာ၊ ကျွန်တော်က မကျည်းကုန်းရွာသားမှ မဟုတ်ပဲ၊ ဒီလူ တော်တော်ရီ(ရယ်)ရတာပဲဗျာ´ ဟု ပြောဆိုကာ ဆက်လက်ဟားတိုက်ရီမော၍ ထွက်သွားလေတော့သည်။

ကျွန်တော် နှစ်သက်သောဟာသ(၅)


မသုံးတာ ကြာပြီဖြစ်သော ပစ္ဏ ည်းအဟောင်းလေး


တစ်ခါက အဝတ်အစားအဟောင်းအနွှမ်းများဝယ်သော လူတစ်ယောက်သည် အိမ်တစ်အိမ်သို.ရောက်
လာပြီး ရောင်းစရာရှိမရှိ မေးမြန်းလေ၏။
ဈေးသည်။ ။အဝတ်ဟောင်းလေးများရောင်းဖို.မရှိဘူးလား။ ဈေးကောင်းပေးပါ့မယ်။
အိမ်ရှင်မ။ ။ဟုတ်ကဲ. ရှိပါတယ်။ဒါတွေက ကျွန်မယောင်္ကျား မဆုံးခင်ကဝတ်တဲ.အဝတ်တွေပါ။
ရှင် အသုံးတဲ.မယ်ဆိုရင်ရောင်းချင်ပါတယ်။
ဈေးသည်။ ။အဆင်ပြေပါတယ်။ဒါလေးတွေကျွန်တော်ဝယ်ပါ့မယ်။ အော်...ဒါနဲ.
မသုံးတာကြာပြီဖြစ်တဲ. ပစ္စည်းအဟောင်းလေးများရောရှိသေးလားဗျ။
အိမ်ရှင်မ။ ။ဟုတ်ကဲ. ရှိပါတယ်။ အဲဒါကတော့ ကျွန်မကိုယ်တိုင်ပါပဲရှင်။

ကျွန်တော် နှစ်သက်သောဟာသ(၄)

နောက်ကျနေပြီ။


တချိန်က ဆရာဝန်တယောက် ရှိလေသည်။ ထိုဆရာဝန်သည် သူ့ ထံလာပြသော လူနာများကို ကြည့်ရှုပြီး အမြဲတမ်းပြောလေ့ ရှိသည်မှာ ' သိပ်နောက်ကျနေပြီဗျာ ' ဟူ၍ဖြစ်သည်။ ဤသည်မှာ သူ့ ကိုယ်သူ ကာကွယ်ခြင်းပင်ဖြစ်သည်။ သူ ကုသ၍ မအောင်မြင်ပါက လူနာရှင်၏ စိတ်ထဲတွင် 'သြော် ဆရာက ပြောသားပဲ နောက်ကျနေပြီလို့  ' ဟု တွေးကာ ဖြေသိမ့်နိုင်ကြမည်ဖြစ်သည်။ လူနာကို နောက်ကျနေပြီလို့ ပြောထားသည့်ကြားမှ ကုသ၍အောင်မြင်ခဲ့လျှင် လူနာရှင်တို့က 'ဆရာကြီး တော်ပေလို့ပေါ့၊ အသက်ရှင်တာ' ဟု ချီုးကျူးပြောဆိုကြမည်ဖြစ်သည်။ ဤသို့ နှင့် ထိုဆရာဝန်ကြီးသည် ထင်ရှားအောင်မြင်လာခဲ့သည်။တနေ့ တွင် ဆရာဝန်ကြီးထံ လူနာတယောက်ကို ထမ်းစင်ဖြင့် တင်၍ ခေါ်လာသည်။ လူနာမှာ လှေကားပေါ်မှ လိမ့်ကျပြီး ခြေကျိုးသွားခြင်း ဖြစ်သည်။ ထိုလူနာကို ကြည့်ပြီး ဆရာဝန်ကြီးက ထုံးစံအတိုင်း ပြောလိုက်သည်မှာ'သိပ်နောက်ကျနေပြီဗျာ' ဟူ၍ ဖြစ်သည်။'ဆရာကြီးခင်ဗျာ၊ ဖြစ်ဖြစ်ချင်းပဲ ခေါ်လာတာပါ၊
နောက်မကျနိုင်ပါဘူး''ဒါပေါ့ဗျာ၊ သူ လိမ့်မကျခင်ကတည်းက ခေါ်လာသင့်တာပေါ့' ဟူ၍ ဆရာဝန်ကြီးက ပြောလိုက်လေ၏။
:O

ကျွန်တော် နှစ်သက်သောဟာသ(၃)

ဟင်းကောင်းကောင်းစားချင်လို့ 


လူတယောက်သည် သူ၏ဆရာသမားတယောက်ကို အိမ်သို့ ညစာ ထမင်းစား ဖိတ်ကြားထားကြောင်း ဇနီးသည်အား လှမ်း၍ဖုန်းဆက်ပြီး ပြောလိုက်သည်။
သို့ သော် ည ၇ နာရီတွင် သူတယောက်တည်းသာ ပြန်လာရာ ဇနီးသည်က'ဟင် ရှင့်ဆရာကော မပါဘူးလား' ဟု မေးလိုက်သည်။
ထိုအခါ ခင်ပွန်းဖြစ်သူက အောက်ပါအတိုင်း ပြန်ပြောလိုက်သည်။
'ဝမ်းနည်းပါတယ်ကွာ၊ တကယ်တော့ ကိုယ်ညာလိုက်တာပါ၊ ဒါမှလဲ တခါတလေ ဟင်းကောင်းကောင်း စားရမှာ မဟုတ်လား' ။

ပိုင်တယ်နော်..ဟင်းကောင်းစားချင်ရင် အကြံကောင်းလေးတွေ

Saturday, February 9, 2008

အစုန်နှင့်အဆန်

(၁)
အသည်းမှာကန့်၊တစ်ခန်းသန့်ခဲ့
ဖူးညွှန့်သစ်သစ်၊ရင်မှဖြစ်သည်
ချစ်မြတ်နိုးရာ၊ရတနာတည့်.........။
(၂)
ချိုမြသံလွင်၊တေးကျူယင်သို့
နားဆင်သရာ၊မ၀ပါနိုင်
ကြည်သာရွှင်ပြုံး၊ ပီတိဖုံးခဲ့.........။
(၃)
စာဆိုနွယ်ဘွား၊သမီးသားတို့
ပြောကြားသံချို ၊ သီချင်းဆိုကြ
လက်ကိုမြှောက်ကာ၊ ခြေ , ထောက်ကာဖြင့်
က, ရှာမမော၊ တီတာပြောသော်.....။
(၄)
တောရွာရိပ်ခို၊ မိခင်အိုသို့
ကြည်ညိုအောက်မေ့၊ လွမ်းရှိန်ငွေ့ဖြင့်
ဝေ့ဝေ့ရစ်လည်၊မြင်မိသည်တည့်
ကြာရှည်ဆယ်နှစ်၊ ကွဲကွာရစ်ခဲ့
မေတ္တာတန်ခိုး ၊ လွန်ကြီးစိုးဘိ
လူဆိုးငါလျှင်၊ ငါ့ရင်ခွင်၌
သန့်စင်သည်းချာ၊ ရှိသောခါမှ
မာတာကိုတ၊ သတိရသည်
ငါ့အားခွင့်လွှတ်ပါမည်လော............။
(ထီလာစစ်သူ ၏ မဲခေါင်မြစ်မှအိုရွက်ဝါ နှင့် အခြားကဗျာများမှ)

Friday, February 8, 2008

ကျွန်တော် နှစ်သက်သောဟာသ(၂)

ဘိုင်ဘိုင်

တညချမ်းမှာသားငယ်ကအိပ်ရာမ၀င်မီဆုတောင်းနေသံကိုဖအေဖြစ်သူကတိတ်တဆိတ်
ချောင်းနားထောင်မိတယ်။ဒီမေမေ၊ဖေဖေနဲ့ ဘိုးဘိုးကိုဘုရားသခင်စောင့်ရှောက်တော်မှုပါ။
ဘွားဘွားကိုတော့နှုတ်ဆက်လိုက်ပါတယ်။ဆုတောင်းပုံကအဆန်းသားလိုသားငယ်ရဲ့
အဖေကတွေးတယ်။အဖြေတော့မပေါ်ဘူး။ဒါပေမယ့်နောက်နေ့မနက်မှမှာဘွားဘွား
တစ်ယောက် နှလုံးရောဂါနဲ့ဆုံးရှာပါရောလား။

တစ်ပတ်လောက်ကြာတော့သားငယ်ဆုတောင်းသံကိုဖအေကကြားရပြန်တယ်။ဒီမေမေ၊
ဖေဖေကိုဘုရားသခင်စောက်ရှောက်တော်မှုပါ။ဘိုးဘိုးကိုတော့နှုတ်ဆက်လိုက်ပါတယ်။
ထင်တဲ့အတိုင်းပါပဲနောက်မနက်မှာပဲဘိုးဘိုးတစ်ယောက်လေသင်တုန်းဖြတ်လို့
ကိစ္စချော်ရှာပါလေရော။


တစ်လလောက်ကြာပြန်တော့သူ့သားငယ်ဆုတောင်းသံကိုဖအေကကြားရပြန်ပါတယ်။
ဒီမေမေကိုဘုရားသခင်စောင့် ရှောက်တော်မှုပါ။ဖေဖေ့ကိုတော့နှုတ်ဆက်လိုက်ပါတယ်။
ဖခင်ခဗျာခေါင်းနပန်းကြီးသွားတယ်။အလုပ်သွားရပေမယ့်စိတ်ကမဖြောင့်ဘူး။အမှား
မှားအယွင်းယွင်းတွေသာလုပ်မိနေတော့တာပဲ။ညနေခင်းမှာအိမ်ကိုပြန်ရောက်လာတော့
သူ့မိန်းမကိုသူတစ်နေကုန်သောကရောက်နေခဲ့ရပုံကိုရင်ဖွင့်လေတယ်။သူ့မိန်းမကခပ်လှောင်
လှောင်လေသံနဲ့ပြန်ပြောပါတယ်။

``ရှင့် ကိုရှင် ဒုက္ခရောက်လှပြီလို့ ထင်နေတာပေါ့ လေ ဟုတ်လား။ကျွန်မလည်းဒုက္ခတွေ
ပရပွတွေ့ ရတဲ့ နေ့ ပဲ။ ဒီမနက်အိပ်ရာထလို့  အိမ်ရှေ့ တခါးမကြီးလည်းဖွင့် လိုက်ရော
အိမ်လာနေကျစာပို့ သမားအိမ်ရှေ့ မှာ စန့် စန့် ကြီးလဲသေနေတာတွေ့ တယ် ရှင် ´´
:)

Thursday, February 7, 2008

မာယာမိုး

ပြိုမယောင်
ဟိုတောင်ကမိုး--------------။
လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကိုကွယ် ...............
သူမေ့မှာစိုး..................။
မောင်စိန်ဝင်း(ပုတီးကုန်း) ၏ သမုဒယ ခြေရာကဗျာများမှ

တပို့တွဲလ

တပို့တွဲလ

ပေါက်လဲရယ်တဲ့ပွင်စီစီ
ဝတ်ပန်းသူရာရေကြောင့်
ဆက်ရက်တွေ သံစုံကျူးတယ်
မြူးသည့်ရာသီ။
ငွေသော်တာမှာ ကြယ်မာဃငယ်နှင့်
ထွန်းလျှံပ ပြည့်ကာညီ
ပြာရီလဲ့ မြူခိုး။
ယာဂုပွဲကိုတဲ့
လှူမြဲအလွန်ရွှင်လို့
ခုနှစ်စင် တာရာလျှမ်းသည်နှင့်
ဆူးပန်းတွေ ဝေေ၀ပွင့်ကြတယ်
ထူးတင့်မညှိုး။

တပို့တွဲလသည်အချမ်းပိုသည်။ မြတ်စွာဘုရားရှင်လက်ထက်၌ တပို့တွဲလမှာတပေါင်းလသို့အကူးကြားရှစ်ရက်သည် အလွန်အေးမြသည်။ ၀ိနည်းတော်အရ ဘုရားသခင်သည် ရဟန်းတို့ကို မီးမလှုံရန်တားမြစ်ပိတ်ပင်သည် ။ တားမြစ်ရသည့်အကြောင်းမှာ မီးနှင့်မျက်စိမသင့်ခြင်း၊ မီးလှုံခြင်းကြောင့်အဆင်းပျက်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့်မွေ့လျော်နေခြင်း ယင်းတို့နှင့် အကျိုးမရှိသောစကားများကိုပြောဆိုခြင်း ဟူ၍ ဖြစ်သည်။ သို့ရာတွင် တပို့တွဲလကုန် တပေါင်းလကူးကြားရှစ်ရက်သည် အလွန်တရာ အေးမြသောကြောင့် ထိုရက်များအတွင်း ရဟန်း မီးလှုံရန်ခွင့်ပြုတော်မူရုံမျှမကသေး မိမိကိုယ်တော်တိုင်သည်လည်း မီးလှုံတော်မူလေ့ရှိ၏။ ဤသည်ကို အစွဲပြု၍ တပို့တွဲလ၌ မီးပုံသဘင်ကိုဆင်ယင် ကျင်းပကြသည်။ မီးပုံဟူသော အသုံးအနှုန်းမှာ အရပ်စကားဖြစ်သည်။ စာပေအမှတ်အသား အရမှာမူ မီးဖုန်းသဘင်ဟုရေးရသည်။ အလှူရှင် ဒကာဒကာမတို့သည် မီးဖုံးပွဲကိုကျင်းပရန်အလို့ငှာ တောသို့တက်၍ နံ့သာစသောထင်းများကို လူစုလူဝေးနှင့်ခုတ်ကြသည်။ ထို့နောက်ထိုထင်းများကို စုပုံရှို့၍ ဘုရားကျောင်းကန် ၊တန်ဆောင်းတို့၌ အပူဓာတ်ကိုလှူဒါန်းပူဇော်သည်။ အချို့ကလည်း မီးမယ်ဖျူးခေါ် မီးလင်းဖို၌ အမွှေးနံ့သာထင်းများကို ထည့်၍ မီးဖိုကာပူဇော်ကြသည်။ ဤပွဲသဘင်ကို ဆင်ယင်ကျင်းပရာ၌ ဆောင်ရွက် ရမြဲထုံးစံမှာ လူ ၁၀၀၀ စု၍ နံ့သာထင်းခုတ်ပြီးလျှင် ထင်းစည်း ၁၀၀၀၊ မီးလင်းဖို ၁၀၀၀၊ ယာဂုအိုး ၁၀၀၀၊ ထန်းစင် ၁၀၀၀ တို့ကိုစီမံပြီးလျှင် ဘုရား၊ကျောင်း၊တန်ဆောင်းများ၌ မီးအပူဓာတကိုလှူဒါန်းပူဇော်ကြသည်။ ဤသဘင်နှင့် စပ်လျဉ်း၍ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးရှိ ဓမ္မသုခကျောင်း၌ မီးပုံပွဲတော်ကျင်းပပုံကိုမန်းသင့်နောင်က ` ကရင်ပြည်နယ် အလှစာအုပ်တွင်မှတ်တမ်းတင်ထားသည်မှာ လွန်စွာ မှတ်သားဖွယ်ကောင်းလှပေသည်.။

တပို့တွဲလပြည့်နေ့မတိုင်မှီ လဆန်းရှစ်ရက်နေ့ကစပြီး မီးပူဇော်လိုသူတို့သည်
စင်းလုံးချော သက်ရင်ပင်များကို ခုတ်ယူပြီးလျှင် အခွံခွာ၍ နနွင်းဖြင့်လိမ်းကျံကာ
သုံးဆင့်စည်းနှောင်ထားကြ၏။ခြောက်သွေ့သောအခါ မီးပုံပွဲကျင်းပရာသို့လပြည့်
` နေ့မတိုင်မှီ လာရောက်စုပုံကြ၏။ မီးပုံတိုင်များစိုက်ထူရန်မြေကွက်လပ်တွင် အတောင်
၃၀ အရှည်ရှိသော ဥရူတိုင်ကြီး ငါးတိုင်စိုက်ထား၏။ ထိုတွင် ထင်းစည်း ၊မီးပုံစည်း
များကိုမှီ၍ စိုက်ထူ၏။နံနက်လေးနာရီတွင်ဆရာတော်က ၀တ်ပြုဆုတောင်းရာ ရဟန်း
၇ှင်လူ တို့သည် ရှိခိုး ကန်တော့ကြ၏။ ထို့နောက် ဆရာတော်က မီးစတင်ရှို့လေရာ
ရဟန်းရှင်လူတို့လည်းနီးစပ်ရာ မီးပုံတွင် သူ့ထက်ငါဦးအောင်ရှို့ကြလေသည်။

ဤအဆိုကိုကြည့်ခြင်းအားဖြင့် ရိုးရာအလိုက်ကျင်းပသော မီးပုံပွဲကိုကရင်ပြည်နယ် ၌ ယနေ့တိုင်ကျင်းပမြဲ ဖြစ်သည်ဟုဆိုနိုင်ပေသည်။ ရှေးခေတ်ကကျင်းပသော မီးပုံပွဲတွင် ယာဂုအိုး ၁၀၀၀ လှူဒါန်းလေ့ရှိကြောင်း အထက်၌ပြဆိုခဲ့သည်ကို ကျွန်ုပ်တို့အထူး သတိမူကြရန်ရှိသည်။ ယင်းကို ထောက်ရှုလျှင် မီးပုံပွဲနှင့် ယာဂု ဆက်စပ်နေသည်ကိုတွေကရပါလိမ့်မည်။ မီးပုံပွဲကျင်းပရင်းနှင့် ယာဂုပွဲဖြစ်ပေါ်လာသလား။ယာဂုပွဲကျင်းပရင်းနှင့် မီးပုံပဖြစ်ပေါ်လာသလော။ ဤနှစ်လီကို မဝေခွဲနိုင်ပါ။ စင်စစ် ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်၍ တစ်ပြိုင်တည်းဖြစ်ပေါ်လာသည်ဟု ဆိုနိုင်ရာသည်။ ယာဂုပူဇော်ပွဲအစဉ်အလာကိုဝိနည်း ပိဋကတ် မဟာ ၀ဂ် ပါဠိတော်၌ ပြဆိုထားသည်။ တစ်ခါရံသော် မြတ်စွာဘုရားသည်များစွာသောသံဃာတော်တို့နှင့်အတူ အန္ဓ၀ိန္ဒရွာသို့ ဒေသစာရီကြွချီတော်မူရာဇနပုဒ် ၌ နေသော သူတို့သည် ဆန်ဆီဆားဆေးစသော လှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရားကြွချီရာသို့ လိုက်ပြီးလျှင် ဆွမ်းဘောဇဉ်အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ ထိုအခါပုဏ္ဏား တစ်ယောက် သည်လည်းအလားတူ ဆွမ်းလုပ်ကျွေးလိုပါသော်လည်းမိမိအလှည့် မကျနိုင်သောကြောင့် အရှင်အာနန္ဒာကိုချဉ်းကပ်၍ ယာဂူနှင့်တကွ ပျားသကာမုန့်တို့ကိုမြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့အား ဆက်ကပ် ခွင့်ရပါရန် လျှောက်ထားတောင်းပန်လေ၏။ အရှင် အာနန္ဒာသည် ဤအကြောင်းကို မြတ်စွာဘုရားအားလျှောက်ထားရာ မြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့်အတိုင်း ကပ်လှူပူဇော်စေရန်သည်းခံတော်မူလေသည်။ ဤသည်ကစ၍ ယာဂု အလှူပွဲအစဉ်အလာပေါ်ပေါက်လာသည်းဝိနည်းတော်အရ တပို့တွဲနှင့် တပေါင်းစပ်ကြား၌ ရဟန်းတို့ မီးလှုံစေရန်ခွင့်ပြုသောအကြောင်းနှင့် ဆက်စပ်ကြည့်လျှင် ယင်းမီးပုံပွဲနှင့် ယာဂုအလှူပွဲမှာ တစ်ဆက်တည်းဖြစ်ပေါ်လာသည်ဟု ယူဆရန်ရှိလေသည်။
ယာဂုဟူသည် ခေတ်စကားနှင့်ပြောရလျှင် ဆန်ပြုတ်ပင်ဖြစ်သည်။ သို့သော် လုံးတောဆရာတော် ၏ အာဘော်အရ မြတ်စွာဘုရားသခင်သည်လေနာ နှိပ်စက်ခြင်းခံရလေသော် အရှင်အာနန္ဒာ အားယာဂုဆွမ်းခံချေဟု မိန့်တော်မူသဖြင့် မာတုဂါမတစ်ဦးထံအလှူခံရာ ထိုမာတုဂါမက ချင်းစိမ်း၊ ငရုတ်၊ကြက်သွန်၊နှမ်း တို့ဖြင့်စီရင်ထားသော ယာဂုဆွမ်းကိုကပ်သဖြင့်လေနာငြိမ်းသည်ဟုဆိုသောကြောင့် ယာဂုသည် ငရုတ်၊ကြက်သွန်စသည်တို့ပါသောဆန် ပြုတ်တစ်မျိုးဟုယူဆနိုင်သည်။ မင်းတုန်းမင်းလက်ထက် ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်ဆက်မဟာရာဇ၀င်ကြီး ၌ ဖတ်ရှုနိုင်သည်။ယင်းအလှူပွဲအကြောင်း ၌ ရွှေမြို့တော်လေးပြင်လေးရပ်တရုတ် ကုလားမျိုးခြားမှစ၍ တိုင်းသူပြည်သား အားလုံးတို့သည် လူတစ်ကိုယ် ဆန်တစ်စလယ်ကျ စုဆောင်၍ ယာကုကျိုရာ ယင်းယာဂု၌ ကောက်ညှင်း၊ဆန်၊ဆီ၊ ဆား၊ နှမ်း ၊ချင်းစိမ်း၊မြေပဲ ၊အုန်းသီး၊သစ်ကြားသီးစသည်တို့ကိုထည့်၍ကျိုသည်ဟုဆိုသည်။
ယင်းယာဂုကျိုခြင်းကိုပင်လျှင်ယခုခေတ်၌ ထမနဲထိုးသည်ဟုဆိုကြောင်း မှတ်သားရသည်။ ထမနဲ့ (၀ါ) ထမင်းနှဲ ဟူသောစကားသည်(ကောက်ညှင်း) ထမင်းကိုနှဲခြင်း ဟူသောအသုံးအနှုန်းမှဖြစ်ပေါ်လာသည်။ ရှေးအရေးအသားအချို့ တွင် ထမင်းနှဲ ဟူ၍ ပင်ရေးကြသည်။ အချို့ကလည်း နှမ်းကိုကဲ၍ ထည့်ခြင်းကြောင့် နှမ်းမနဲ ဟူ၍ လည်းခေါ်ကြသည်။ ယင်း ထမင်းနဲ့ထိုးခြင်းနှင့်စပ်လျဉ်း၍ လိုသောပစ္စည်းအချိန်အဆကိုတေးထပ်စပ်ဆိုရာ အောက်ပါအတိုင်း
စားတော်ရ ဆန်ပေါက်ဝါ
လေးပြည်သာထည့်မြဲ။
ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့
နှမ်းဆီလဲထည့်ပြန်။
မြေပဲဆန် အဋ္ဌသုညငယ်နှင့်
ဒွတ္တိံသ တိလဗီဇံ။
အုန်းသီးစိတ် ကျပ်ဝီသံငယ်
လော န တံ ချိန်သတ်နှင့်
ချင်းနုဖတ် သိင်္ဂီမျှင်ရွှေ
သုံးကျပ်မသွေ။

ဟူ၍သိရသည်။အဓိပ္ပါယ်မှာ ကောက် ညှင်းဆန်လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊မြေပဲဆန် ၈၀ိ သား ၊နှမ်း ၃၂ိသား၊အုန်းသီးစိတ် ၂၀ိ သား၊ ဆား ၇ိ သား၊ ချင်းစိမ်း ၃ိ သား တို့ကို ဒယ်အိုးတွင်နှံ့အောင်မွှေ၍ ယာဂုနှင့် ထမနှဲ အတူတူပဲဟု ဆိုရိုးရှိ၏။

(မောင်ထင် ၏ မြန်မာဆယ့်နှစ်လအကြောင်း စာအုပ်မှ တပို့တွဲလအကြောင်းကောက်နုတ်ချက်)

တပို့တွဲလဘွဲ့

ရာသီချိန်ခါရောက်လို့
လဲပေါက်ကယ်ပွင့်ညီ
ရွှေဖီနံ့သာနှင့်
ခြောက်ရောင်ဝါစေတီရင်းမှာလ
ဆယ်စင်းလက်စုံဖူး
ဦးမြှောက်လို့ချီ။
ငွေနှင်းရယ်စီ
သုံးလီသမယ
ယူဇနာမြင့်မြတ်ကယ် သင်္ချာနှင့်
ယုဂန်ညာတောင်တော်စွန်းမှာ
ထွန်းလိမ့်မာဃ။
ဖိုးသူတော်ဦးမင်း

Wednesday, February 6, 2008

ကျွန်တော် နှစ်သက်သောဟာသ(၁)

မိန်းမသားတွေရဲ့ စာနာမှုအကြောင်းပါ

တနေ့  ကားနှစ်စီးခေါင်းချင်းဆိုင်တိုက်မိကြတယ်။ နှစ်စီးလုံးလုံးဝသုံးမရအောင်ပျက်စီး
သွားပေးမဲ့ မောင်းသူနှစ်ဦးစလုံး ဘာမှမထိခိုက်ဘူးတဲ့။တဖက်ကားမှာအရမ်းဖြောင့်တဲ့
ယောင်္ကျားတစ်ယောက်မောင်းလာပြီးအခြားတစ်ဖက်ကားမှတော့  အလွန်ချောမောတဲ့
မိန်းခလေး တစ်ယောက်မောင်းလာတာဆိုပဲ။

အဲဒီမှာ မိန်းခလေးက "အဲတော့....ကားနှစ်စီးလုံးသုံးမရအောင်ပျက်စီးသွားတာတောင်
ကားမောင်းသူနှစ်ယောက်လုံးဘာမှမဖြစ်ဘူးအံ့ရောရှင်"လို့ပြောသတဲ့။အဲဒီအချိန်မှာ
ယောင်္ကျားလေးကမိန်းခလေးကိုကြည့်ပြီး စိတ်ဝင်စားတာနဲ့ "ဟုတ်တယ်ဗျာ ၊ဒီထက်
ထူးဆန်းတာကမောင်းသူနှစ်ယောက်ကအမျိုးသားနဲ့ အမျိုးသမီးဖြစ်နေတာပါပဲ "
ကျွန်တော်တို့ ကို ကံကြမ္မာ ဖန်တီးနိုင်သူကဆုံတွေ့ နိုင်အောင်စီစဉ်လိုက်တာန့ဲ
တူပါရဲ့ဗျာ"လို့ ခပ်သွက်သွက်လေးပြန်ပြောလိုက်ပါတယ်။

မိန်းခလေးကပြုံးရင်းကားထဲမှ အရက်ပုလင်းတစ်လုံးကိုဆွဲထုတ်ပြီး"ကြည့် စမ်းပါအုံး
ကားတစ်စီးလုံး ပျက်သွားတာတောင် အရက်ပုလင်းကမကွဲဘူး ဒါဘုရားသခင်က ကျွန်
မတို့ နှစ်ယောက် ဆုံတွေ့ မှုအထိမ်းအမှတ်လုပ်နိုင်အောင်စီစဉ်ပေးလိုက်တာပဲလို့အားရ
ဝမ်းသာပြောပြီး ရော့ ဆိုပြိး ယောင်္ကျားလေးကို ကမ်းပေးလိုက်သတဲ့ ။
ယောင်္ကျားလေးကလည်းအဖုံးကိုဖွင့်ပြီးအခုလိုမိန်းမချောလေးနဲ့ ဆုံတွေ့ စေသူ
ဘုရားသခင်ကိုကျေးဇူးတင်ပါတယ် ချီးယား ဆိုပြီး မြှောက်ပြီးပုလင်းတစ်ဝက်လောက်
မော့လိုက်သတဲ့ပြီးမှမိန်းခလေးကိုပြန်ကမ်းပေးတောမိန်းခလေးကဆောရီးပါရှင် မကြာခင်ယာဉ်ထိန်းရဲတွေလာတော့မှာ ရှင်ဘဲဆက်ရှင်းလိုက်ပါ။ အရက်မောင်းပြီး
ကားမောင်းတဲ့ အမှုနဲ့ ပေါ့ လို့  ပြန်ပြောလိုက်သတဲ့  ။

မင်းကိုချစ်နေဆဲပါ

ချစ်နေဆဲ
ကိုယ်ဟာ အချစ်ကို စတင်ဖို့ 
ရွေးချယ်ခွင့် ရှိတယ်၊
အချစ်ကို အဆုံးသတ်ဖို့ 
စဉ်းစားရွေးချယ်ခွင့် မရှိပါဘူး။
နေရောင်တွေ
မိုးစက်ပွင့် တွေ
ဖြူနှင်းတွေ
ရွေ့ လျားနေတဲ့  တိမ်တိုက်တွေ
အားလုံးဟာ ခုတော့ ၀ိုးတ၀ါး
ဒီလိုနဲ့ ပဲ .ရပ်တန့် မသွားတဲ့ 
အချိန်တွေ ...အချိန်တွေ
မပြောင်းလဲခဲ့ပါဘူး.
သေချာတာက
ငါ့ မင်းကိုချစ်နေဆဲပါ ...ကောင်မလေး။။

Sunday, February 3, 2008

တိတ်တခိုး

အိမ်ဘေးနားက ကောင်မလေး
ဘယ်သူမေးမေး `မချစ်တတ်သေးဘူး´တဲ့ ။။
ဒါပေမယ့်လေ.
ငါဝေဒနာကို အဖြေရှာမယ့် 
မင်းက အကြင်နာကို ရင်မှာ
အပ်နှင်းမယ်ဆိုရင် ဖွင့် မပြောဘူးတဲ့ ။။
မင်းရင်ထဲက စကား
ငါ့ အာရုံခံ နှလုံးသားက
ကြိုကြားပါရစေ ။။

=============================

ပြန်ဆုံရင်

နှစ်လရှည်ကြာမှ
ပြန်တွေ့ ခဲ့ ပါမှု
တိတ်ဆိတ်ဆွံ့အ
မျက်ရည်စတွေနဲ့ 
သခင့်ကို ....
ကို ဘယ်လိုနှုတ်ခွန်းဆက်သရပါ့ ကွယ်

မင်းအတွက်သာ

အချစ်ဆိုတာ
အရာရာတိုင်း သူဆန္ဒ
လိုတရ စေချင်တဲ့ 
စေတနာ...


သူပျော်နေရင်
ကြည်နူးဝမ်းသာစိတ်
သူကျေနပ်ဖို့ ဆိုရင်
အရာရာတိုင်းကို
စွန့် လွတ်ရဲ့ တဲ့ သတ္တိ


သူစိတ်ဓာတ်ကျနေရင်
နှစ်သိမ့်ပေးမယ့်  ခွန်အား
ဒီလိုဆိုရင်
သူငယ်ချင်းရယ်
ကိုယ့် အချစ်ဟာ
မင်းအတွက်သာ ထာဝရပါ.

Friday, February 1, 2008

အက်ဆစ်တစ်ခွက် ဇာတ်သိမ်းလိုက်ပြီနော်

ဇာတ်သိမ်းပိုင်းပါ .
အိပ်မက် မက်နေတာ မဖြစ်နိုင်ဘူးလား။ အိပ်ဆေးကြောင့် ကယောင်ချောက်ချား ဖြစ်မေနေနိုင်ဘူးလား။ သို့သော် သူ့မျက်လုံးများ၏ အရိပအငွေ့ထဲတွင် ဤအဖြစအပျက် အမှန်တကယ် ဖြစ်သွားကြောင်း ရိပ်မိ မြင်တွေ့နေရသည်။ သူမ တစ်ကိုယ်လုံး လေတွင် လွင့်မျောသွားသလို ထင်မိသည်။ အဓိပ္ပါယ်မရှိတာ၊ သူမတစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလျက် ထိတ်လန့်ခြင်းကြီးစွာ ယူကျုံးမရ ခံစားရသည်။ မယုံဘူး၊ သို့သော် အမှန်တရားသည် သူမကိုယ်ပေါ်မှာ အုတ်နံရံဖြူဖြူပေါ်မှာ၊ စေ့လာသော တံခါးချပ်ပေါ်မှာ၊ တစ်စက်ချင်းကျနေသော သွေးပုလင်းထဲမှာ၊ မျှော်လင့်ချက် ပြိုကွဲပျက်စီးသွားသော သူ့မျက်လုံးထဲမှာ..။ နောက်ဆုံးတော့ သူမ တွက်လိုက်သော ပုစ္ဆာသည်လည်း ပြင်၍မရလောက်အောင် ကြောက်မက်ဖွယ်ရာ မှားယွင်းနေပါပကောလား။ ဟင့်အင်း၊ မဖြစ်နိုင်ဘူး။
လက်ဖျံနှစ်ဘက်မှ နာကျင်မှု၊ ခါးအောက်ပိုင်းမှ နာကျင်မှု၊ အမျိုးမျိုးသော နာကျင်မှုတို့ကို ကျော်လွန်လျက် စူးစူးနစ်နစ် နာကျင်လာသည်မှာ နှလုံးဆီမှ ဖြစ်သည်။ သူမ အသက်ရှူ ရပ်သွားမတတ် သတိလက်လွတ် ဖြစ်သွား၏။ ရုတ်တရက် ကိုယ့်ကိုယ်ကို ဘာလုပ်မိမှန်းမသိခင် ရှိုက်ကြီးတငင်ငိုလျက် အိပ်ရာမှ ရုန်းကန်ထလိုက်မိတော့သည်။ "မိုး" အားမာန်ပါသော သူ့အသံနှအတူ သူမကို ညင်သာစွာ (သို့မဟုတ်) ခိုင်မြဲစွာ ထိန်းချုပ်ဖိတွန်းလျက် အိပ်ရာပေါ်မှာပင် ငြိမ်သက်စွာ လဲလျောင်းနေစေသည်။ သူမ ၀မ်းပန်းတနည်း ငိုသည်ကို စိတ်ရှည်လက်ရှည် ရပ်ကြည့်နေ၏။ "ဒါ .. ဒါ ညာပြောတာမဟုတ်လားဟင်" သူ့မျက်လုံးမှ အဖြေမှန် မြင်နေလျက်က မေးမိပြန်သည်။ သူသည် ခေါင်းကို ညင်သာစွာ ခါယမ်း၍ (သူမ၀မ်းဗိုက်ဆီသို့) ငေးမောနေသည်။ သူ့မျက်လုံးမှာ စောစောက မြင်ခဲ့ရသော အာဃာတများ၊ ခက်ထန်မှုများ လုံးဝပျောက်ကွယ်လျက် သိမ်မွေ့သော ကြေကွဲမှု သက်သက်ကိုသာ မြင်ရသည်။ "ကျွန်မ မျက်ရည်ကို မြင်ချင်ရုံသက်သက်နဲ့ လိမ်ပြောတာလို့ ပြောလိုက်စမ်းပါ မောင်ရယ်" 'မောင်' ဟု သူမနှုတ်ဖျားမှ ချိုမြစွာအားကိုးစွာ ခေါ်လိုက်မိမှန်း သူမ သတိမထားလိုက်မိပေ။ သူမကိုယ်ခန္ဓာထဲမှာ ရှိခဲ့ဖူးသော အင်အားများ ရုတ်တ၇က် ဆုံးရှုံးဖျော့နွမ်းကာ မောဟိုက်ပူလောင်နေ၏။ သူသည် သူမမျက်နှာဆီသို့ ငုံ့ကိုင်း၍ သူမနဖူးကို အညင်သာဆုံး နမ်းလေသည်။ နဖူးပေါ်မှ စိုစွတ်သွားသော မျက်ရည်စက်၏ အတွေ့ကို မယုံကြည်နိုင်စွာ သူမ ခံစားသိရှိလိုက်၏။ သူမ ဘယ်လို အသက်ရှင် ရပ်တည်ရပါ့မလဲ။ သူမ ဘယ်လို သေဆုံးသွားပါ့မလဲ။ ဘုရားသခင်သည် သူမထင်ထားသည်ထက် စောစီးစွာပင် သူမကို အပြစ်ဒဏ်ခတ်လိုက်ပြီ။

=================================================

ဆရာမ ဂျူးရေးထားတာပါ ..ကျွန်တော် မောင်နှမတွေ အားလပ်ချိန်မှာ ဖတ်ရှူနိုင်စေရန်
ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ..မောင်နှမအားလုံး ကြည်နူးကြပါစေ ..
ဂျူး ၁၉၈၆ ခုနှစ်၊ နိုဝင်ဘာလ၊

အက်ဆစ်တစ်ခွက်(၁၄)

မထင်မှတ်သော မေးခွန်းကြောင့် သူမ တုန်လှုပ်သွား၏။ သူက သူမကို သေသေချာချာ စိုက်ကြည့်ပြီးမှ မျက်စိလွှဲလျက် 'ကြည့်စရာတော့ မရှိဘူး'ဟု သူ့ဘာသာသူ ရေရွတ်နေသလို သတိလက်လွတ် ပြော၏။ ဟင့်အင်း .. မပြောပါနဲ့။ "မင်း သိလားဟင်၊ နာကျင်မှုကို သူ.. သိတယ်" "အို.." နာကျင်မှု၊ ကျဉ်ခနဲ စူးရှတဲ့ အောင့်သွားသော ရင်ညွန့်ဆီက ဝေဒနာသည် တစ်သက်လုံး မပြေပျောက်နိုင်တော့သလိုပင် ဖြစ်၏။ သူမ မေ့ထားချင်သော အကြောင်းအရာကို သူအစဖော်ပေးလိုက်ခြင်း ဖြစ်သည်။ သူမ ငိုချင်ပြင်းပြစွာ မျက်စအစုံကို မှိတ်ပစ်လိုက်မိ၏။ "သားရယ်" သူမသည် ထောင့်စုံအောင် ကြည့်တတ် မြင်တတ်သူ မဟုတ်ပါ။ 'လုံးဝ အဓိပ္ပါယ်မရှိတာ' သူသည် အမှတ်တမဲ့ ပွင့်အန်ထွက်လာသော ယူကျုံးမရစိတ်ဖြင့် တောက်တစ်ချက် ခေါက်လိုက်လေသည်။ "ဒီအတွက် ကျွန်မတို့ နှစ်ဦးသဘောတူ ပြတ်စဲလိုက်ကြမလား" စကားသံသည် သိပ်အားစိုက်ဖို့မလိုဘဲ ပေါ့ပေါ့ပါးပါး ထွက်သွားသည်။ သူနှင့် ကွာရှင်းပြီးလျှင် သူမ နောက်အိမ်ထောင် ပြုရဦးမည်။ အနည်းဆုံး သားကလေးတစ်ယောက်လောက် မွေးဖွားရဦးမည်။ "ပြတ်စဲဖို့မလိုပါဘူး၊ မင်းကို ငါလိုချင်လို့ ယူထားတာ၊ မင်းဟာသေတဲ့အထိ ငါ့မိန်းမပဲ ဖြစ်နေရမယ် နားလည်ရဲ့လား" သူ့အသံမှာ ကြမ်းရှနေ၏။ သူမတို့နှစ်ယောက်သည် အချစ်ဟူသော အင်အားတစ်ရပ်ကို မေ့လျော့ထားကြသူများဖြစ်သည်။ သူက သူမထံမှ သားသမီးများစွာ ရအောင်ယူဖို့ ဆုံးဖြတ်လိုက်ဟန်ရှိသည်။ ရှင် ကျွန်မဆီက ဘာကလေးမှ မရစေရဘူး။ သူမ ဘာစကားမှ ပြန်မပြောပါ။ ဤလျှို့ဝှက်ချက်ကို ဘယ်တော့မှ မပေါက်ကြားစေရ။ "သားရဲ့ ကိုယ်ဝန်ကို ထိန်းသိမ်းကာကွယ် မပေးနိုင်ခဲ့တဲ့အတွက် ၀မ်းနည်းပါတယ် မောင်" ယုံကြည်မှုတစ်ခအတွက် မောင် ဟု ခေါ်လိုက်၇သော သူမ၏ နှုတ်ခမ်းဖျားများ ခါးသက်လျက်ရှိ၏။ နှလုံးနာသလို ဖြစ်သွားသည်။ ဤနာမည်သည် သူမအတွက် စက်ဆုပ်ရွံရှာဖွယ်အတိ ဖြစ်၏။
"ဒါထက် ၀မ်းနည်းစရာတစ်ခု ကျန်သေးတယ်" သူမမျက်လုံး ဖွင့်ကြည့်လိုက်သောအခါ သူမကို စူးစူးရှရှ ကြည့်နေသော၊ အေးစက်၍ အငွေ့ပျံနေသော မျက်လုံးတို့ကို ရင်ဆိုင်လိုက်ရသည်။ "မင်းရဲ့ သားအိမ် ထုတ်ပစ်လိုက်ရတယ် တဲ့" "ဘာ" ခက်ထန်တုန်လှုပ်သော သူမအသံတွင် ခါးသီးမှုအပြည့်အ၀ ပါဝင်သွား၏။ မတ်တပ်ရပ်နေသော သူသည် သူမထံသို့ ကိုင်းညွတ်လျက် ရင်တထိတ်ထိတ် ခုန်နေသော သူမကို တိုးတိတ်စွာ စကားပြောလေသည်။ တ၀ုန်းဝုန်း ဆူညံနေသော လေတိုးသံနှင့် နားအစုံမှာ အာရုံပြန့်ကျဲလျက်ရှိသည်။ "သားအိမ်.. ချုပ်လို့မရအောင် .. သွေးလွန် .. ထိခိုက်မှု.. သွေးလွန် .. ၀မ်းနည်းစရာကောင်းတာက .. အသက်ကို ရအောင် လုလိုက်ရတဲ့အတွက် .." "ဘုရား.. ဘုရား" "စိတ်မဆင်းရဲပါနဲ့၊ ကလေးမရနိုင်တော့တာကလွဲရင် အားလုံး ပုံမှန်" "မဟုတ်ဘူး" အသံကုန်ဟစ်၍ အော်ပစ်လိုက်သော်လည်း သူမ မမှတ်မိသော အက်ကွဲကွဲ သူမအသံသည် အဝေးကြီးမှ လာသလို သဲ့သဲ့လေးသာ ဖြစ်သည်။ သူမ မယုံပါ။

*******************************************************************

အက်ဆစ်တစ်ခွက်(၁၃)

"ကဲ ကိုယ်ခဏသွားလိုက်ဦးမယ်၊ လိုတာရှိရင် အပြင်ခန်းက ဆရာမလေးဆီပြော၊ ဟုတ်လား။ ယူ့မိန်းမ မသေနိုင်တော့ပါဘူးကွယ်၊ အေးအေးဆေးဆေး စကားပြောရစ်၊ ဟုတ်လား" သူသည် ဆရာဝန်မကြီးကို လုံးဝ လှည့်မကြည့်ပါ။ သူစိတ်ဝင်စားနေသည်မှာ သူမမျက်နှာဖြစ်၏။ သူမသည် ရုတ်ခြည်းရစ်ဝဲ လျှံတက်လာသော မျက်ရည်များကို ရှက်ရွံ့စိတ်ဖြင့် မျက်တောင်ခတ်သိမ်း ဖယ်ပစ်လိုက်၏။ သူ အကဲခတ်နေကြောင်း သေချာသည်။ သူမ တိတ်ဆိတ်စွာ အနေရခက်လျက် သူမကိုယ်ပေါ်မှ သက္ကလပ်စောင်ကို မှတ်မိဖို့ ကြိုးစားနေသလို စူးစိုက်ထားလိုက်သည်။ ကြည့်ပါဦး၊ အစိမ်းရောင်စောင်ကြီး၊ ကျက်သရေမရှိလိုက်တာ။ သို့သော် သူမ အလွန်အမင်း စိတ်ထိခိုက်နေကြောင်း ကိုယ့်ကိုယ်ကို လိမ်ညာ၍ မရပါ။ သွေးသွင်းထားသော လက်ဖျံတွင် ယင်ကောင်ကလေး လာနားသည်ကို သူမ၏ ညာဘက်လက်ဖြင့် ဖယ်ပစ်ရန် အားယူလိုက်သည်။ ဘုရားရေ .. သူမ၏ ညာဘက်လက်တွင်လည်း ပိုက်တန်းလန်းနှင့်ပါလား။ အရောင်မဲ့သော အရည်များသည် ပိုက်တစ်လျှောက် နှေးကွေးစွာ ကျလျက်ရှိ၏။ "ကိုယ်ဝန်ပျက်ကျသွားတယ်" ကြားလိုက်ရသည့် အသံသည် တစ်ခါမျှ မရင်းနှီးဖူးသော သူစိမ်းတစ်ယောက်၏ အသံဖြစ်နေ၏။ သူ့အသံထဲတွင် နာကျင်မှုနှင့်အတူ မယုံကြည်နိုင်မှုပါ တွဲဖက်နေကြောင်း ခံစားလိုက်ရသည်။ "ဟုတ်လား" သူမသည့်ထက် ၀မ်းနည်းဖို့ ကောင်းသည်ဟု သူထင်ပေလိမ့်မည်။ စူးစိုက်သော သူ့မျက်လုံးများ လက်ခနဲ အရောင်စွတ်စိုသွားပြီး တစ်ဖန်ပြန်မှိန်ဖျော့သွားလေသည်။ သူ့နှုတ်ခမ်းများ တင်းစေ့ထားပုံမှာ ဘယ်တော့မျှ အာဃာတ မပြေနိုင်မည့် အနေအထားမျိုးဟု ထင်ရသည်။ "သားလေးလား" တိုးတိတ်အားပျော့သော သူမမေးခွန်းကြောင့် သူ့မျက်နှာသည် အမှတ်မထင် နာနာကျင်ကျင် အရိုက်ခံလိုက်ရသလို တုန်ခါသွားသည်။ သူမကို မယုံကြည်နိုင်သလို နားမလည်နိုင်သလို သတိလက်လွတ် စူးစမ်းကြည့်နေပြီးမှ 'သား..' ဟု အံကြိတ်ပစ်လိုက်ရင်း ဖြေလေသည်။ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ပါပဲလား။ သူ အင်မတန် လိုချင်သည့် သားကလေးပေါ့၊ နောက်ပြီး သူ့ရုပ်ရည်နှင့်လည်း တူနေလိမ့်မည်ဟု သူမလောင်းရဲသည်။ ဆံပင်ကလည်း သူ့လို လှိုင်းတွန့်ဖွာနေလိမ့်မည်။ သူ့ကိုယ်ပွားကလေး။ "သားလေးကို ကြည့်ချင်သေးလား"
************************************************************************

အက်ဆစ်တစ်ခွက်(၁၂)

တစ်နေရာရာမှ တစ်ချက်ချင်း ထွက်ပေါ်နေသော အသံသဲ့သဲ့ကလေး တစ်ခုကို သူမကြားနေရသည်။ ဘယ်နားကပါလိမ့်။ တံစက်မြိတ်အစွန်းမှ နှင်းစက်တစ်ပေါက်ချင်းကျသည့် အသံမျိုး (သို့မဟုတ်) သောက်ရေAိုးစင် ရေခံခွက်ထဲသို့ စိမ့်၍ကျလာသော ရေစက်ရေပေါက်၏ အသံမျိုး (သို့မဟုတ်) ဘုရားရေ ခုတင်ကြမ်းခင်းမှ စိမ့်၍ သမံတလင်းပေါ်သို့ တစ်စက်ချင်းကျနေသော သွေးစက်ကျသံများလား .. မူးဝေမှုန်ဝါးနေသော မျက်လုံးအစုံသည် မျက်နှာကြက်ပန်ကာကို အလျင်ဆုံး မြင်ရ၏။ ပန်ကာသည် ဖြည်းညင်းတိုးတိတ်စွာ လည်ပတ်နေသည်။ ဒါ ငါ့အခန်းများလား၊ သူမတို့အခန်းတွင် မျက်နှာကြက်ပန်ကာ မရှိပါ။ မျက်လုံး၏ အမြင် ဧရိယာအတွင်း ဖြူဖွေးဆွတ်သော အုတ်နံရံ ဖြူဖြူကိုသာ မြင်ရသည်။ အို .. သူမ ဆေးရုံရောက်နေသလား။ လောကတစ်ခုလုံး သူမတစ်ဦးတည်း ရှိသကဲ့သို့ တိတ်ဆိတ်နေသည်။ သူမ၏ ၀မ်းဗိုက်အောက်ပိုင်းဆီမှ အဆမတန် နာကျင်သော ဝေဒနာကို စူးစူးရဲရဲ ခွှန်မြစွာ ခံစားလိုက်ရလေသည်။ စုတ်သပ်ညည်းညူတော့မလို ဖြစ်သွားပြီးမှ သူမ အံကို ကြိတ်ထားလိုက်သည်။ ဖြန့်ထားသော လက်ဖ၀ါးများကို တင်းတင်းဆုပ်ပစ်လိုက်သောအခါ ဘယ်ဘက်လက် လက်ဖျံအပေါ်ပိုင်းဆီမှ ဆစ်ခနဲ နာကျင်သွား၏။ ခေါင်းငဲ့ကြည့်လိုက်မှပင် သူမလက်တွင် ပိုက်တန်းလန်းနှင့် အပ်ကြီးကြီးတစ်ခု သွင်းထားကြောင်း သိလိုက်ရသည်။ ထို့နောက် တိုင်မှာချိတ်ထားသော သွေးပုလင်း၊ တစက်ချင်းနှေးကွေးစွာ ကျဆင်းနေသော သွေးရည်များ ..။ တစ်နေရာမှ တံခါးတစ်ချပ် ပွင့်သွားသည်။ "ဟော .. ယူ့မိန်းမလေး နိုးနေပြီ" ဤအသံမှာ သူစိမ်းတစ်ယောက်၏ အသံမဟုတ်ပါ။ အသံလာရာသို့ စောင်းငဲ့ကြည့်လိုက်သောအခါ သူမ၏ ဆရာဝန်နှင့်အတူ ယခုအချိန်တွင် သူမအမြင်တွေ့ချင်ဆုံးသော လင်ယောက်ျားအား တွေ့လိုက်ရလေသည်။ သွက်လက်သော ဆရာဝန်၏ နောက်ဘက်မှ သူသည် မေ့လျော့စွာ လမ်းလျှောက်နေသကဲ့သို့ တွန့်တွန့်ဆုတ်ဆုတ် လျှောက်လာနေ၏။ သူ့မျက်နှာသည် တစ်စုံတစ်ခုကို နင့်နင့်သီးသီး ဆုံးရှုံးပြီးခါစ လူတစ်ယောက်၏ မျက်နှာဖြစ်သည်။ အမြဲတမ်း သပ်ရပ်သော သူ့ဆံပင်သည် မသေမသပ် ပွယောင်းလျက်ရှိသည်။ ပါးလှစ်၍ စုဝန်းသော သူ့နှုတ်ခမ်းတို့သည် လေစိမ်းတိုက်ခံထားရသလို ခြောက်သွေ့၍ အရေခွံကွာတော့မလို ဖြစ်နေသည်။ သူသည် သူမ၏ ညာဘက်ဘေးတွင် မတ်တတ်ရပ်လျက် ငုံ့ကြည့်သည်။
"မိုးမိုး နေကောင်းလားဟေ့" "ဟုတ်ကဲ့" သူမအသံတွင် အားနည်းမှု၊ မချိတင်ကဲ ၀မ်းနည်းမှုများ စိုးစဉ်းမျှ မပါစေရ။ "ကံကောင်းလို့ မိုးမိုးရေ၊ ကိုယ်ဆေးခန်းကို သယ်လာတော့ မိုးမိုးရဲ့ သွေးပေါင်ချိန်ဟာ သုည ဖြစ်ခါနီးနေပြီ" သူမသည် သွေးပေါင်ချိန် သုညဖြစ်ဖြစ်၊ တစ်ဖြစ်ဖြစ် ဂရုစိုက်လိမ့်မည် မဟုတ်ပါ။


****************************************************************************

အက်ဆစ်တစ်ခွက်(၁၁)

လှေကားမှ တဒိုင်းဒိုင်း ပြေးတက်လာသော ခြေသံကို ကြားရသည်ဟု အာရုံက ထင်လိုက်စဉ်မှာပင် အခန်းဝသို့ သူ မြန်ဆန်စွာ ရောက်လာလေသည်။ "မိုး .. မိုး" မတ်မတ်ရပ်နေသောသူမနှင့် ခပ်ဝေးဝေး နံရံအနီး ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော ပုလင်းကွဲများ၊ ဆေးလုံးများ၊ ဆေးပြားများကို အတန်ကြာအောင် သူ အထိတ်တလန့် ကြည့်နေသည်။ ထိုခဏ၌ အံ့သြစရာပင် သူမ၌ သူ့ကို ကြောက်စိတ် လုံးဝ မရှိချေ။ သူမ၏ မုန်းတီးစက်ဆုပ်မှုများသည် အငွေ့ထတော့မတတ် တရှိန်ရှိန် ပူလောင်လျက်ရှိသည်။ သူမ ရဲရဲဝံ့ဝံ့ ပြန်ကြည့်နေလိုက်သည်။ သူသည် လွှတ်ခနဲ တစ်ခုခု ညည်းညူရေရွတ်လိုက်သလား မသေချာပေ။ သူမအနားသို့ တိုးကပ်လာပြီး သူမမျက်နှာကို အဓိပ္ပါယ်ဖော်နေသည့်ပမာ အရောင်တောက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ ရိုက်လိုက်တော့မလားဟု စိုးရိမ်စိတ် အနည်းငယ် ၀င်မိပေမယ့် သူက လက်ဖြင့်ချိန်ရွယ်ခြင်းပင် မပြုလုပ်ခဲ့ပါ။ သူ့မျက်လုံးများမှ နားမလည်ခြင်းအရိပ်သည် တဖြည်းဖြည်း ဒေါသအဖြစ် ကူးပြောင်းသွား၏။ ထို့နောက် ခဏခြင်းပင် ဘာခံစားမှုမှ မရှိသော အေးစက်စက် မျက်နှာတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ နောက်တော့ သူစိမ်းတစ်ယောက်၏ မျက်နှာမျိုးဖြင့် ချာခနဲ လှည့်ထွက်သွားလေသည်။ ### ရီဝေမူးနောက်နေသော အာရုံဖြင့် မျက်လုံးစတင်ဖွင့်လျှင်ဖွင့်ချင်း သူမ ဘာမှ မမြင်ရပါ။ သူမကိုယ်သူမ ရှာဖွေတွေ့ရှိဖို့ကိုပင် မိနစ်ပေါင်းများစွာ၊ သို့မဟုတ် နာရီပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ဦးခေါင်းတစ်ခုလုံး လေးပင် မူးယစ်လျက် ရှိ၏။ အိပ်ဆေးမိထာသည့် ခံစားမှုမျိုးများလား။ သူမအိပ်ဆေး အလွန်အကျွှံသောက်မိလေသလား၊ သူမသည် အိပ်ဆေးပြား တစ်ပြား နှစ်ပြားမှ ပို၍ တစ်ကြိမ်တစ်ခါမျှ မသောက်ဖူးပါ။ (သေချာရဲ့လား..) သေချာပါသည်။ သူမ အိပ်ဆေး မသောက်ခဲ့ပါ။ ဒါဖြင့် .. သူမ၏ ကိုယ်တွင်းတစ်နေရာမှာ မူလထက် ထူးထူးခြားခြား လှိုက်ဟာလျက်ရှိသည်။ တစ်စုံတစ်ခု ရုတ်တရက်ကြီး လစ်ဟာသွားသလို ခံစားရသည်။ သူမ ဘာဖြစ်ခဲ့သနည်း။ ပျံ့လွင့်ယိမ်းယိုင်နေသော အာရုံများကို ခက်ခက်ခဲခဲ စုစည်းနေစဉ် သူမ ရင်တလှပ်လှပ် တုန်လျက်ရှိ၏။ အမြင့်တစ်နေရာမှ သူမလွင့်ကျခဲ့လေသလား။ တောင်စောင်းတစ်ခုဆီမှ သို့မဟုတ် ၀ရန်တာစွန်းမှ မဖြစ်နိုင်ပါ။ သူမတို့ တိုက်အိမ်မှာ ၀ရန်တာမရှိပါ။ သူမ ဘာဖြစ်ခဲ့သနည်း..။
****************************************************************************

Sunday, January 27, 2008

အက်ဆစ်တစ်ခွက်(၁၀)

သူမသည် ယောင်ယမ်း၍ မျက်စိအစုံ မှိတ်ပစ်လိုက်သည်။ မတွေးရဘူး၊ မတွေးနဲ့..။ သူမ အတန်တန်ငြင်းပါလျက် သားဖွားမီးယပ် အထူးကုဆရာဝန်မထံ သူ ဇွတ်ခေါ်၍ ကိုယ်ဝန်ကို အပ်နှံသည်။ ဆရာဝန်ချိန်းသည့်ရက်တိုင်း မပျက်မကွက် သူလိုက်ပို့ပေးနေကျ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပတ်က ရက်ချိန်းစေ့သည်ကိုပင် သူမမေ့လျော့နေမည်စိုး၍ သူ လာသတိပေးခဲ့၏။ (ကလေးနှင့် ပတ်သက်လျှင် ခြွင်းချက်အဖြစ် သူ သတ်မှတ်လေသလား မပြောတတ်ပါ။ )"ဒီနေ့ညနေ ဆရာဝန်ဆီ သွားရမယ်၊ မေ့မနေနဲ့" ထိုနေ့နံနက် အိမ်မှ မထွက်မီ အခန်းဝမှာ လာရပ်၍ ခပ်တည်တည်ပြောခဲ့စဉ်က သူမ ထိတ်ခနဲ ရင်ခုန်သွားသေးသည်။ သူမကိုယ်သူမ မကျေနပ်ဘဲ အပြစ်တင်မဆုံးတော့ချေ။ ငါ ဘာလို့ ရင်ခုန်တာလဲ၊ ငါဘာလို့ တုန်လှုပ်တာလဲ၊ အထပ်ထပ် ညည်းညူမိသည်။ ထိုနေ့က အခါတိုင်းကဲ့သို့ ညသန်းခေါင်အထိ မနေဘဲ ညနေဆေးခန်းအမီ သူပြန်လာခဲ့၏။ "သွား .. အ၀တ်လဲ၊ ဆေးခန်းသွားမယ်" သူမ ငြင်းဆိုရန် တွေးလိုက်သော်လည်း ပြဿနာရှုပ်ထွေးကုန်မှာ စိုးရိမ်သည်။ မသွားလျှင် သူအော်ဟစ်ငေါက်ငမ်းမည်။ သို့မဟုတ် ရိုက်နှက်မည်။ သို့မဟုတ် ကြမ်းတမ်းစွာ ဆွဲခေါ်မည်။ သူ့အနေနှင့်တော့ ဆရာဝန်ဆီ သူမကိုရအောင် ခေါ်သွားမှာပဲ ဖြစ်သည်။ ဤအချက်ကို တွေးမိ၍ သူမ အလွယ်တကူ လိုက်သွားခဲ့ရသည်။ အို.. မေ့နေလိုက်တာ၊ မနက်ဖြန် ဆရာဝန်ချိန်းတဲ့ ရက်ပါပဲလား သူ.. သူမကို သတိပေးဦးမည်။ ဆေးခန်းသို့ လိုက်ပို့ဦးမည်။ ဟန်ဆောင်ထားသော ကြင်နာမှုမျိုး မဟုတ်သလို လူသူရှေ့တွင် သူမကို ကြင်နာယုယစွာ တွဲပွေ့ကျီစယ်ပြုံးဦးမည်။ သူ .. ဘုရားရေ .. မိန်းမတစ်ယောက်ဟာ လင်ယောက်ျားကို တစ်သက်လုံး မုန်းတီးနာကျည်းသွားဖို့ သိပ်များခက်ခဲနေလေမလား။ သူမ ဘယ့်နှယ်လုပ်ရပါ့မလဲ။ ရုတ်တရက် စိတ်လိုက်မာန်ပါ မတ်တတ်ရပ်လိုက်ပြီးမှ ယခင်ကလို ပေါ့ပါးသွက်လက်ခြင်းမရှိသော သူမကိုယ်ခန္ဓာကို သတိထားမိသွားသည်။ စာအုပ်ကို ပက်လက်ကုလားထိုင်ပေါ် ပစ်ချရန် စိတ်ကူးပြီးမှ အသာလေး ချထားလိုက်လေသည်။ သူမသည် လှေကားကို တစ်ထပ်တက်ပြီး လှေကားခြေရင်း အုတ်နံရံပေါ်က မီးခလုတ်ကို ပိတ်ပစ်လိုက်သည်။ လှေကားကို အသံမမြည်အောင် ဖြည်းညင်းစွာ တက်ရင်း မူးနောက်နောက် ခံစားရသည်။ လှေကားပေါ်က လိမ့်ကျလျှင် ကိုယ်ဝန်ပျက်ကျလေမလား။ အခန်းထဲ ၀င်လိုက်သောအခါ စားပွဲတင် မီးအုပ်ဆောင်းအောက်ခြေတွင် ဆေးပုလင်း သုံးလေးခုကို အသစ်တွေ့လိုက်ရသည်။ သူမ စားပွဲအနီးသို့ တိုးကပ်သွား၏။ ကိုယ်ဝန်ဆောင် အားတိုးဆေး၊
ဖောလစ်အက်စစ်၊ ဖြူရာမင်ဘီစီ။ သူမ တုန်လှုပ်သွား၏။ ဒါ .. ဒါတွေဟာ သူ့ကလေးအတွက်ပေါ့။ ရုတ်တရက် စိတ်မထိန်းနိုင်တော့ဘဲ ဆေးပုလင်းများကို လက်နှစ်ဘက်ဖြင့် စုပြုံယူလျက် အခန်းနံရံသို့ အရှိန်ပြင်းစွာ ပစ်ပေါက်ခွဲပစ်လိုက်တော့သည်။ အလွန်အမင်း တိတ်ဆိတ်နေသော ညသည် ပုလင်းကွဲသံ၊ ကြမ်းပြင်ပေါ်သို့ ဖန်ကွဲစများ လွင့်စင်သံဖြင့် စူးရှကျယ်လောင်သွား၏။

အက်ဆစ်တစ်ခွက်(၉)

သည်လိုနှင့်ပင် သူမ ကလေးမွေးဖွားမည့် ရက် ရောက်လာတော့မလား။ အရာရာတွင် ပျော့ညံ့တွေဝေတတ်သော သူမသည် ကလေးမွေးပြီးလျှင် သူမတွေ့နိုင်မည့် တစ်နေရာရာ ပို့ပစ်လိုက်လျှင်လည်း ဖြစ်တာပဲဟု စဉ်းစားသေးသည်။ ဟင့်အင်း.. မဖြစ်သေးပါဘူး။ သူ့ကလေးကို သူတွေ့အောင် ရှာမှာပဲ။ မရရအောင် လုယူမှာပဲ။ သူမကို မေးမည်။ ရိုက်ပုတ် နှိပ်စက်မည်ကို ကြိုတင်သိနေသည်။ သူ ဒေါသတကြီး တက်ခေါက် ဆူပူလျှင်သော်လည်းကောင်း၊ ပခုံးနှစ်ဘက်ကို ဆုပ်ကိုင် ဆောင့်ယမ်းလျှင်သော်လည်းကောင်း နေစရာမရှိအာင် တုန်လှုပ်ကြောက်ရွံ့တတ်သော သူမသည် ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်မည်ကို စိတ်ကူးဖြင့်ပင် မခံစားဝံ့ချေ။ မဖြစ်ဘူး၊ မဖြစ်ဘူး၊ အဲဒီလိုမဖြစ်ပါဘူး။ ကဲ.. ဒါဖြင့်ရင် .. တွေးလိုက်ရုံမျှဖြင့် ရင်မှာ စူးနစ်စွာ နာကျင်သွားသည်။ သားရယ်..။ လွှတ်ခနဲ ၀င်ရောက်လာသော မြတ်နိုးမှုတစ်ခုကို သူမ တုန်လှုပ်စွာ ငြင်းပယ်လိုက်ပါ၏။ ငါ.. ဒီလောက်ထိ မရဲဝံ့ပါဘူး။ သို့မဟုတ် မရက်စက်ဝံ့ပါဘူး။ ကိုယ်ဝန်ဆောင် အင်္ကျီအောက်မှ အနည်းငယ် လှုပ်ရှားလာသော ကိုယ်ဝန်ကို စိတ်မှတ်မထင် ဖြည်းညင်းစွာ အုပ်ကိုင်မိလျက်သား ဖြစ်သွားသည်။ တကယ်ကို .. သူမျှော်မှန်းထားသည့်အတိုင်း သားကလေးဖြစ်မှာပဲ။ သူ .. ဘယ်လောက် ပူပင်သောက ရောက်လေမလဲလေ။ သူမကိုယ်ဝန်စတည်ချိန်မှစ၍ သူမတို့အခန်းနံရံမှာ ကလေးပုံ ပိုစတာလှလှလေးများကို ချိတ်ဖို့ သူကြိုးစားခဲ့သည်။ ကလေးအနှီးအတွက် ပိတ်စများကို ကြိုတင် မ၀ယ်ကောင်းပါဘူးဟု သူမအတန်တန် သတိပေးလျက်နှင့် သူဝယ်သည်။ ကလေးအင်္ကျီပေါက်စကလေးများကို သူ ၀ယ် ၀ယ်လာသည်။ "မိုး .. ကိုယ်တို့ကောင်ကြီးအတွက် ဒီအင်္ကျီကလေးတွေက သေးများနေမလားဟင်" "အိုး .." နှစ်နှစ်ခြိုက်ခြိုက် ရယ်မော၍ သဘောကျခဲ့ဖူးပါသည်။ ပြန်စဉ်းစားမိလျှင် မုန်းတီးနာကြည်းမှု မဆိုသလောက် လျော့ပါးသွားသလို ခံစားရသည်။ ဤသည်မှာ သူမအတွက် ကောင်းသောလက္ခဏာမဟုတ်။ ဒါ သားလေးရဲ့ မျက်နှာကြောင့်ပါလေ..။ သားလေးကို မွေးဖွားပြီးလျှင်..။ သူမ ၇င်တွင်း၌ အေးစိမ့်သော နူးညံ့စိတ်မျှင်မျှင်ကလေး ရုတ်တရက် ထွင်းဖောက် ၀င်ရောက်လာပုံမှာ အင်အားပြင်းလှသည်။ ဖြစ်ခဲ့ပြီးသမျှ အစစအရာရာအတွက် သူမအားလုံး ခွင့်လွှတ်ကျေအေးပစ်လောက်အောင် သူမ၏ သားငယ်ကလေးက ခွန်အားကြီးမားလိမ့်မည်မှာ သံသယ၀င်ရန်မလို။
ကျေအေးရန်.. ဟင့်အင်း။ သူမ၏ ချစ်စဖွယ်သော သားကလေး၊ နူးညံ့နီရဲသော အသားအရည်ကလေးမှာ ပန်းပွင့်နုနုဖတ်ဖတ်ကလေးထက်ပင် နူးညံ့နေလိမ့်မည်။ သူမ၏ အသွေး၊ အသက်ဖြင့် ဖြစ်ပေါ်လာသော အပြစ်ကင်းစင်သည့် ကလေးပေါက်စနကလေး..။

အက်ဆစ်တစ်ခွက်(၈)

သို့သော် သူမ ဘာတတ်နိုင်မည်နည်း။ ယခုအခါ သူသည် တစ်လတစ်ခါ နှစ်လတစ်ခါ ခရီးထွက်၍ (ခရီးထွက်ဟန်ဆောင်၍) သူ၏ မယားကြီးလည်းမဟုတ်၊ မယားငယ်လည်းမဟုတ်သော ချစ်သူမိန်းမထံ သွား၍ တွေ့နေခဲ့ပြီ။ ထို့နောက် သူမကွယ်ရာတွင် သူတို့နှစ်ဦး အတူနေထိုင်ကြမည်။ သူမ၏ ကိုယ်ဝန်အကြောင်း ဆွေးနွေးကြမည်။ သူမ မွေးဖွားလာမည့် ကလေးသည် ယောက်ျားလေးလား၊ မိန်းမကလေးလား အလောင်းအစားလုပ်ကြမည်။ ဖျော်ရည်ဖန်ခွက်များအကြား၊ စီးကရက်ငွေ့များအကြား၊ ထမင်းပန်းကန်များအကြား သူတို့ဆွေးနွေးသည့် ခေါင်းစU်မှာ 'သူမ' ဖြစ်ခဲ့မည်။ သစ်သီးများ၊ အနမ်းများ၊ ရယ်မောသံများနှင့် တွဲလျက် သူမအကြောင်း..၊ ကလေးအကြောင်း..။ သူတို့ မကြာခဏ ပြောကြမည်။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားရင်းပေါ့.. "ကိုယ့်မိန်းမက ကိုယ့်ကို သိပ်ချစ်တာကွ၊ အရမ်းအလိုလိုက်တာ၊ သနားစရာကောင်းအောင် အလိုလိုက်တာ" "အံမာ.. ကိုကိုနော်၊ သနားရုံပဲသနား၊ ဒါထက်မပိုရဘူး ဒါပဲ" "အိုး.. ဟောဒီ ကမ္ဘာလောကမှာ ထားကလွဲပြီး ဘယ်မိန်းကလေးကိုမှ.." ဘုရား.. ဘုရား၊ ငါ ဘာလုပ်ရပါ့မလဲ။ သူမသည် ရှက်စိတ်၊ နာကြည်းစိတ်တို့ဖြင့် ကိုယ့်ကိုယ်ကို သတ်သေပစ်ရန်ပင် စိတ်ကူးလိုက်မိသေး။ မဖြစ်ပါဘူး။ ကလေးဟာ တော်တော်ကြီးနေပြီ။ သူ အပြင်ရောက်လာမယ်ဆိုရင် အသက်ရှင်နေနိုင်ပြီ။ မဖြစ်ဘူး။ အရေးအကြီးဆုံး အကြောင်းမှာ သူမ သေသွားဖို့ မဟုတ်ပါ။ သို့သော် သူမ၏ သားကလေး။ အို.. မတွေးနဲ့။ လူတစ်ယောက်မှာ သနားကရုဏာစိတ် နည်းနည်းလေး ရှိနေရင် ကိုယ်လုပ်ရမယ့် အလုပ်ကို ဘယ်မှာ ပြီးဆုံးအောင် လုပ်နိုင်မှာလဲ။ သူမသည် နေ့စဉ် နံနက်မိုးလင်းမှ ညအိပ်ရာဝင်အထိ အသိစိတ်ဓာတ်တစ်ခုတည်းဖြင့် အသက်ရှင် နေထိုင်ခဲ့သည်။ ထို အသိစိတ်ဓာတ်မှာ သူတို့ကို မှတ်လောက်သားလောက်အောင် မည်သို့ လက်စားချေမလဲဆိုသည့် အသိပင်ဖြစ်သည်။ သူ၏ ဇနီးဖြစ်နေသမျှ ကာလပတ်လုံးတော့ သူတို့ သူမထံမှ အင်မတန်လိုချင်သော ကလေးကို မရစေရ။ သူမ၏ ခိုင်မြဲသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ သူမ၏ စနက်တံများကို သူ့နှလုံးသားဆီမှာ ဖောက်ခွဲဖို့ ချိန်ကိုက်ချည်နှောင်ထားရမည်။ လှေကားမှ ခြေသံ အပြေးရောက်လာသောအခါ ပျံ့လွင့်နေခဲ့သော စိတ်အာရုံကို ကမန်းကတန်း စုယူပြီး ယခုအချိန်အထိ မဖတ်ဖြစ်သေးသော စာမျက်နှာကို အသံမြည်အောင် လှန်ပစ်လိုက်ရလေသည်။ သူမ တွေဝေ ငေးမောနေကြောင်း သူ မမြင်စေရပါ။ သူမသည် သူ့ကို မုန်းတီးစွာ ဖယ်ရှောင်ခြင်းမှတစ်ပါး အခြားသော ကိစ္စများတွင် သာမန်သာဖြစ်သည်ဟု မြင်စေချင်သည်။ ခြေညှပ်ဖိနပ် စီးလိုက်သံ၊ သူမနောက်နားဆီမှ ဖြတ်လျှောက်သွားသံ။ စာကြည့်ခန်းတံခါးကို ဆွဲဖွင့်ပြီး အသံမြည်အောင် ပြန်ပိတ်သွား၏။ သူ အိပ်ရာဝင်ဖို့ ပြင်တော့မည်။ စာကြည့်ခန်း သမံတလင်း တံမြက်စည်းလှည်းသံ ကြားရသည်။ ထို့နောက် တံမြက်စည်းကို အခန်းထောင့်သို့ လွှင့်ပစ်လိုက်သံ၊
နှစ်ယောက်ထိုင် ဆိုဖာကို အ၀တ်ဖြင့် ကြမ်းတမ်းစွာ (သို့မဟုတ်) ဒေါသတကြီး ဖုန်ခါ လှည်းကျင်းသံ၊ ခေါင်းအုံးပစ်ချသံ၊ ထို့နောက် လေးပင် ကြမ်းရှစွာ ပစ်လှဲ အိပ်ပစ်လိုက်သည့်အသံ၊ သူ့ကို သူမ ကိုယ်ထိလက်ရောက် ရိုက်ပစ်လိုက်သည့်နေ့မှ စ၍ သူ့ခေါင်းအုံးနှင့် စောင်ကို အောက်ထပ် စာကြည့်ခန်းထဲ ရွှေ့သွားခဲ့သည်မှာ ယခုဆိုလျှင် ၇က်ပေါင်း ၂၀ ကျော်ပြီ။

Wednesday, January 23, 2008

အက်ဆစ်တစ်ခွက်(၇)

သူ လက်ထပ်ခွင့်တောင်းစဉ်က ဟန်မဆောင်ချင်တော့သော သူမသည် အနည်းငယ်မျှ တင်းမထားခဲ့တာ သေချာပါသည်။ သူမသည် ငြင်းပယ်ရမည်ဟု လုံးဝ သတိမရခဲ့ပါ။ 'မောင်' ဟု တိတ်တခိုး မြတ်နိုးစွာ ခေါ်ကြည့်ခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့်အတိုင်း သူမအလွယ်တကူ ခေါင်းညိတ်မိခဲ့၏။ ယခုပြန်တွေးမိလျှင် ယခု ရှက်စိတ်ဖြင့် မျက်စိပိတ်ပစ်လိုက်မိ၏။ ငါဘယ်လောက် သူ့ကို အရူးအမူး လိုအပ်ခဲ့သလဲ။ ငါ့အပေါ်မှာ သူရက်ရက်စက်စက် ချိုသာခဲ့တယ်။ သူတို့နှစ်ယောက် ငါ့ကွယ်ရာမှာ ရယ်မောနေခဲ့ကြမယ်။ ငါကတော့ သူ့အတွက် ကလေးမွေးပေးရမယ့် စက်ရုပ်တစ်ခုပဲပေါ့။ သူမ လုံးဝ ကလေးမချစ်တတ်ပါ။ အလောတကြီး ကလေးယူရန်လည်း စိတ်မပါခဲ့ပါ။ "မိုးရယ် .. မောင်နဲ့ သိပ်တူတဲ့ သားလေးတစ်ယောက်တော့ မောင့်ကို အလျင်ပေးထားပါ၊ ဒီကောင့်ကို သွားလေရာမှာ ခေါ်သွားမယ်၊ စက်ဘီးရှေ့မှာ တင်ခေါ်သွားမယ်၊ လက်ဖက်ရည်ဆိုင်ခေါ် .. သူစားချင်သမျှ လက်ညှိုးထိုးသမျှ မုန့်ကျွေးမယ်၊ သူမငိုငိုအောင် စမယ်။ ကိုယ်တို့သားလေးက သိပ်တော်ရမယ်။ ဆိုးချင်ဆိုးပါစေ၊ နောက်ပြီး မောင်နဲ့လည်း သိပ်တူမှာ၊ သားလေးကို တအားနမ်းပစ်ရရင် မောင် သိပ်ပျော်မှာပဲ၊ မိုးစဉ်းစားကြည့်စမ်း၊ သားက အဖေ.. လို့ အားကိုးတကြီး ခေါ်မယ့်အသံကို မိုး စဉ်းစားကြည့်စမ်း၊ ဘယ်လောက် ကျေနပ်ဖို့ကောင်းလဲ" ကလေးနှင့်ပတ်သက်၍ သူ အလွန်စိတ်ဝင်စားခဲ့သည်။ ဘယ်နေ့မှန်းမသိသော ကလေးအတွက် ကြိုတင်ပြင်ဆင်မှုများ အထပ်ထပ် ချထားရာမှာ မိုးမှာကိုယ်ဝန် ရှိနေပြီလားမသိဘူး .. ဟု အသိပေးလိုက်သောအခါ သူ့မှာ ကလေး၏ ရုပ်ကို ပုံဖော်၍ မပြီးနိုင်အောင် ရှိတော့သည်။ ကလေးအတွက် နာမည်ကို စဉ်းစား၍ မပြီးနိုင်အောင် ရှိတော့သည်။ သြော် .. သူ့ခများ ကလေး သိပ်ချစ်တတ်တာပါပဲလားဟုသနားကရုဏာဖြင့်သူမလိုက်လျောမိခဲ့သည့်ကို ပြန်၍ ရှက်မဆုံးတော့ပါ။ သူနှင့် ချစ်သူ၏ လှိျု့ဝှက်ချက်ကိုသူမကိုယ်ဝန်ခြောက်လရှိချိန်ကျမှ သိရတော့သည်။ ငါ ဘာလုပ်ရမလဲ။ ဘာလုပ်သင့်သလဲ။ သူမကိုယ်သူမ သတိပြန်ရလာသော အချိန်မှစ၍ သူမ၏ အတွေးများသည် တစ်မျိုးတည်းသည် ဖြစ်၏။ အခု ငါ ဘာလုပ်မလဲ..။ သူ့ကို စာတွေပြ၍ ရန်တွေ့ဖို့ လုံးဝ စိတ်မကူးခဲ့ပါ။ လှည့်ပတ်လိမ်ညာမှုတွင် တတ်စွမ်းသော သူသည် ၀န်ခံမှုတစ်ဝက်၊ မုသားတစ်ဝက်၊ အချိုတစ်ဝက်၊ အခါးတစ်ဝက် ရော၍ သူမကို နှစ်သိမ့်တော့မည်။ နှစ်ပေါင်းများစွာတွယ်တာခဲ့သောသံယောဇဉ်မျက်နှာဖြင့် သူမကလည်း သူ့ဖြေသိမ့်ချက်များအပေါ်ယုံစားလိုက်မိမှာ စိုးသည်။ ဟင့်အင်း.. သူတို့ကို ငါမကျေဘူး ဘယ်တော့မှ မကျေဘူး။

အက်ဆစ်တစ်ခွက်(၆)

ကြည့်စမ်း.. ငါနဲ့ လက်မထပ်ခင်မှာတောင် သူ ရည်းစားရအောင် ထားလိုက်သေးတယ်။ အဲဒီရက်တွေက ငါဘယ်ရောက်နေပါလိမ့်။ အို.. ငါက မန္တလေးမှာ ရောက်နေတာပဲ။ သူ့စာများအရ သူတို့နှစ်ဦး ရည်းစားဖြစ်သော နေ့စွဲမှာ သူမအား လက်ထပ်ခွင့်တောင်းသော နေ့စွဲနှင့် နှစ်နှစ်တိတိသာ ကွာသည်။ သူမ စိတ်မကောင်းမဖြစ်မိပါ။ ဒီနှစ်နှစ်မှာ ထုံးစံအတိုင်း ဒီကောင်မလေးနဲ့ တွဲမှာပေါ့၊ နောက် မကြာခင် ကွဲမှာပေါ့။ နောက်ဆုံးတော့ ငါ့ဆီ ပြန်ရောက်လာတာပဲ။ ဘာပဲဖြစ်ဖြစ် ငါဟာ သူ့ရဲ့ ငယ်ချစ်ပဲလေ။ သူမအနည်းငယ်ပင် ပျော်ရွှင်သွားပါသေးသည်။ သို့သော် သူမ၏ စိတ်နှလုံးကို ဆုတ်ညှစ်ခြေမွသော စာတစ်စောင်ကိုတော့ မမျှော်လင့်စွာ တွေ့လိုက်ရ၏။ 'ထားအချစ် ကိုကို..' ဟု ခေါင်းစီးတပ်ထားသည်။ "ဒီစာကို ထားမရေးချင်ဘူး၊ ထားအပေါ်မှာ ကိုကို အထင်လွဲမှာ စိုးတယ်၊ ဒါပေမယ့် ထားအများကြီး စဉ်းစားပြီးမှ ၀မ်းနည်းခြင်းများစွာနဲ့ ရေးလိုက်ပါတယ် ကိုကို" အမျှော်လင့်ကြီး မျှော်လင့်ပြီးမှ ဘာမျှ မရနိုင်တော့တဲ့ ကိုကို့ကို ထားသနားလိုက်တာ။ ကိုကို သိပ်လိုချင်တဲ့ သားလေးတစ်ယောက်လောက်ကိုမှ ထားမပေးနိုင်တဲ့ နောက်တော့ ထား ကိုကိုနဲ့ လက်မထပ်ရက်ဘူး။ ကိုကိုချစ်တာ ထားတစ်ယောက်တည်းပဲလို့ ထားယုံပါတယ်။ အဲဒီလိုပဲ ဟောဒီကမ္ဘာပေါ်မှာ ထားအချစ်ကလည်း ကိုကိုတစ်ယောက်တည်းပဲဆိုတာ ကိုကိုသိပါတယ်နော်။ ဒါပေမယ့် ထား ဒီတစ်သက် ကလေးမှ မရနိုင်တော့တာ ကိုကိုရယ်..။ ထားကိုယူရင် ကိုကိုရော ထားရော စိတ်ဆင်းရဲရမယ်။ 'ထားကို ကိုကို ထားရစ်ခဲ့ပါတော့၊ ကိုကို့အတွက် အသင့်တော်ဆုံးဟာ မိုးဆိုတဲ့ မိန်းကလေးပဲ ဖြစ်မှာပါ။ လူကြီးတွေ သဘောတူတဲ့ မိုးကိုပဲ ကိုကိုလက်ထပ်ပါ။ ဒါပေမယ့် ထားဆီကို ကိုကို မကြာမကြာ လာပါနော်။ မိုးနဲ့ရမယ့် ကိုကို့သားတွေ သမီးတွေကိုလည်း ချစ်ပေါ့။ ထားကိုလည်း တစ်သက်လုံး ချစ်ရမယ်နော်..၊ ကိုကို သူ့ကိုလက်ထပ်လိုက်ပေမယ့် ကိုကို့အချစ်ကို ထားပိုင်ပြီးသားပဲ။ ထားကျေနပ်ပါတယ်။ အခုလိုပဲ ထားတို့ တွေ့နေကြရအောင်နော်..။ ဟိုတစ်နေ့က ကိုကိုတအားစိတ်ညစ်သွားတာ ထားသိပါတယ်။ ကိုကိုဘယ်လောက်ပဲ ညာညာ ကိုကို့မျက်နှာကို ထားအလွတ်ရပြီးသားပါ။ ထားကို နှစ်သိမ့်ဖို့ မကြိုးစားပါနဲ့ကွယ်။ ထားအတွက်က ကိုကိုနဲ့ လက်ထပ်ရဖို့က အဓိကမဟုတ်ပါဘူး။ ကိုကို ထားကို တစ်သက်လုံး ချစ်ဖို့က..' သူမ စာကိုပြီးအော် မဖတ်နိုင်တော့ဘဲ တင်းကျပ်သော ပူလောင်မှုများဖြင့် ယိမ်းယိုင်သွားခဲ့သည်။ နေ့စွဲမှာ သူမတို့လက်မထပ်မီ ငါးလခန့်အလိုဖြစ်၏။ "လူကြီးတွေ သဘောတူတဲ့.." မြတ်စွာဘုရား..။ သူမသည် သူ့ကိုလက်တွဲဖို့အတွက် မိသားစုတစ်ခုလုံးကို တော်လှန်ပုန်ကန်ပြီး ရုန်းထွက်ခဲ့ရတာပါ။ ဘယ်သူပြောသလဲ။ လူကြီးတွေ သဘောတူတယ်လို့ .. ဘယ်သူပြောတာလဲ။ မောင်ဟာကျွန်မနဲ့ပတ်သက်လို့ သူ့ကို ဘာတွေ လိမ်ထားခဲ့ရသလဲ။ ဒါနဲ့ပဲ မောင်.. ကျွန်မကို ချစ်တယ်ဆို။ ဟိုး .. ငယ်ငယ်ကတည်းက ချစ်လွန်းလို့ အရိပ်တကြည့်ကြည့် နေခဲ့ရတဲ့ မိန်းကလေးပါဆို။ ဘုရားရေ.. ခုတော့ ကျွန်မကို မောင့်ချစ်သူရဲ့ သဘောတူညီချက်အရ.. သူမ၏ အမြင်အာရုံေ၀၀ါးသွားခဲ့သည်။ မျက်ရည်ကြောင့်လား။ ရှက်စိတ်ကြောင့်လား။ နာကြည်းထိတ်လန့်မှုကြောင့်လား။

အက်ဆစ်တစ်ခွက်(၅)

"မောင် .. အဲဒါ နံပါတ် ဘယ်လောက်လဲဟင်"ဟု သူမက မေးလျှင် ဟက်ဟက်ပက်ပက် ရယ်မော၍ 'ဘယ်မှတ်မိပါ့မလဲဟ' ဟု ပြန်ဖြေတတ်သည်။ 'နံပါတ်တစ်မဟုတ်တာတော့ သေချာတယ်ကွာ' ဟု နောက်ပြောင်တတ်ပါသည်။ "ဟေ့ နင့်ယောကျာ်း ဟိုကောင်မလေးနဲ့ ရယ်လို့မောလို့ ငါတွေ့ခဲ့တယ်။ ပြန်ဆက်နေပြန်ပြီထင်တယ်" စေတနာလိုလို၊ ကဲ့ရဲ့မှုလိုလို၊ သတိပေးမှုလိုလို သူမဆီ သတင်းပေါက်ကြားလာသောအခါလည်း သူမ အနေခက်ခြင်း သ၀န်တိုခြင်း မရှိခဲ့ပါ။ သူ့ကို မေးကြည့်ဖို့ဖြစ်စေ၊ စိတ်ကောက်ဖို့ဖြစ်စေ စိတ်ကူးတတ်သူမဟုတ်ပါ။ သူ့ဟာသူ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာ ငါနဲ့သူနဲ့ တရားဝင် လင်မယားပဲ၊ ငါက သူ့ကို တရားဝင် ပိုင်ဆိုင်ပြီးသားပဲ၊ ငါ သူ့ရဲ့ တစ်ဦးတည်းသောမိန်းမ၊ တွေးလိုက်ရုံဖြင့် သူမကိုယ်သူမ ကျေနပ်နေခဲ့သည်။ တစ်ခါတစ်ရံ သူ့စာအုပ်သေတ္တာမှ စာအုပ်ရှာရင်းသောလည်းကောင်း၊ စာပွဲအံဆွဲများထဲမှ လက်သည်းညှပ်၊ ခေါင်းဘီး ရှာရင်းဖြင့်သော်လည်းကောင်း၊ ဟိုစဉ်က ရည်းစားစာများကို ပြန်တွေ့၍ ဖတ်ကြည့်ခဲ့ဖူးသည်။ အများအားဖြင့် ဟောင်းနွမ်းသော စာအိတ်များ၊ အနည်းငယ် ၀ါကျင်စပြုနေသော စာရွက်များ၊ ကလေးဆန်သော လက်ရေးများသာဖြစ်သည်။ တစ်ခါတစ်ရံ ဓာတ်ပုံများ တွေ့ရတတ်သည်။ လွန်ခဲ့သော ၁၀ နှစ် ၁၁ နှစ်ခန့်က ပုံများဖြစ်၍ ရိုးစင်းသော ဆံပင်ပုံစံ၊ အင်္ကျီပုံစံများသာဖြစ်သည်။ တစ်ခါတစ်ရံတော့ သူက စိတ်လိုလက်ရ ဒါက ဘယ်သူပေါ့၊ အခုသူက ဘယ်မြို့ကို ရောက်နေပြီ။ သူကတော့ ဒီမြို့မှာပဲ။ ဒါကတော့ ရှစ်တန်းတုန်းက ရည်းစားလေ .. စသည်ဖြင့် ရှင်းပြနေတတ်၏။ သူ့မျက်နှာမှ အပြုံးသည် အင်မတန် သန့်စင်သော အပြုံးဟု မှားယွင်းစွာ ထင်ခဲ့၏။ အင်းလေ .. အဲဒီမိန်းကလေးတွေနဲ့တော့ သူဟာ တကယ် သန့်စင်ခဲ့မှာပါပဲ။ သူမကို ချောက်ချားဖွယ်ရာ ပြဿနာတစ်ခုဆီသို့ တွန်းပို့ပေးသော စာများကိုတော့ ရည်းစားစာတွေ့နေကျ မဟုတ်သည့် နေရာမှ မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ ဤအကြောင်းကို တွေးမိလျှင် သူမသည် ရှက်စိတ်ဖြင့် မျက်နှာ ပူနွေးလိုက်၊ အံ့သြနာကျည်းစိတ်ဖြင့် နှုတ်ခမ်းဖျားများ အေးစက်လိုက်၊ အမျိုးမျိုးသော ခံစားချက်တို့ဖြင့် လှုပ်ခါခဲ့ရသည်။ ဘုရား .. ဘုရား .. သူတို့ငါ့အပေါ်မှာ ဘာဖြစ်လို့ ဒီလောက် ရက်စက်ကြပါလိမ့်။သူမ ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့သော အားကစားပစ္စည်းများ ထည့်သည့် ထင်းရှူးသေတ္တာထဲမှာ မမျှော်လင့်သော စက္ကူထုပ်ကို တွေ့ခဲ့ရသည်။ သူ ငယ်စဉ်က ကိုင်တွယ်ခဲ့သော ကြက်တောင်ရိုက် ဘက်တ်မင်တံများ၊ တင်းနစ်ရိုက်တံများ၊ ဆုရခဲ့သော ငွေရုပ်တုကလေးများ၊ ဒိုင်းသေးသေးကလေးများ၊ ဤသေတ္တာကို အိမ်ထောင်ကျစက လှပ်မကြည့်ခဲ့သည့် ကိုယ့်ကိုယ်ကို ရှက်စိတ်ဖြင့် အပြစ်တင်မဆုံးတော့ချေ။ သူမ မမြင်ဖူးသော လက်ရေးအသစ်နှင့် စာအသစ်များကို အံ့သြစွာ တွေ့လိုက်ရသည်။ 'ကိုကိုရေ..' ဟု ခေါင်းစီးတပ်ထားသော စာများမှာ သူမနှင့် အိမ်ထောင်မကျမီ နေ့စွဲများဖြစ်သည်။ ပထမတောတုန်လှုပ်ခြင်းမဖြစ်မိဘဲသူ၏များပြားလှစွာသောရည်းစားများမှ
တစ်ယောက် အပါအ၀င်အဖြစ်အနည်းငယ် ရယ်မောလုနီးပါး တွေးမိ၏။့

Tuesday, January 15, 2008

အက်စစ်တစ်ခွက်(၄)

သူမကိုယ်သူမ ဤမျှလုပ်ရဲလိမ့်မည်ဟု မထင်ခဲ့သောကြောင့် အ့ဩတကြီး ငြိမ်သက်သွားမိ၏။ သူ့မျက်နှာ အည်းငယ်ယိုင်သွားပြီး တောက်တစ်ချက် ပြင်းစွာ ခေါက်လိုက်လေသည်။ ထို့နောက် ချက်ချင်း နီရဲလာသော ဒေါသမျက်နှာဖြင့် .. 'မင်းကွာ' ဟု တစ်ခွန်းသာ ရေရွတ်ပြီး သူမ၏ အိပ်လွှမ်းသော မျက်လုံးတို့ကို စိုက်ကြည့်နေသေးသည်။ ပြီးလျှင် သူမမျက်နှာကို လွှဲရိုက်ရန် လက်ကို ဒေါသတကြီးရွယ်ပြီးမှ ပြတင်းပေါက်မှ ပိတ်စေ့ထားသော တရုတ်ကပ်မှန်တို့ကိုသာ လက်သီးဖြင့် ထိုးခွဲချလိုက်လေသည်။ စူးရှ ကျယ်လောင်သော မှန်ကွဲသံနှင့်အတူမှန်စသေးသေး အ်ကလေးကြောင့် သူ့လက်ဖမိုးမှာ သွေးစီးကြောင်းတစ်ခု ဖြစ်သွားသည်ကို တုန်လှုပ်ခြင်း ကင်းမဲ့စွာ စိုက်ကြည့်နေလိုက်သည်။ "ဘာဖြစ်လို့ မင်းငါ့ကို စော်ကားတာလဲ၊ တော်ပြီ .. တော်ပြီ၊ ဒါ နောက်ဆုံး သည်းခံခြင်းပဲ မှတ်ထား၊ ငါ စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်ရရင်။ ကွာ .. သွားစမ်း၊ သွားစမ်း၊ မိုက်ရိုင်းတဲ့မိန်းမ" ထို့နောက် သူမ၏ သေးကွေးသော ကိုယ်ခန္ဓာလေးကို ဆောင့်တွန်းခြင်း ခံလိုက်ရပြီး လွင့်ခနဲ ကြမ်းခင်းပေါ်သို့ လဲကျသွားခဲ့သည်။ ဤသည်မှာ သူမတို့နှစ်ယောက်၏ နောက်ဆုံး မျက်နှာချင်းဆိုင်ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူသည် သူမကို တစ်စုံတစ်ရာ မေးမြန်းခြင်းမရှိ၊ ချော့မော့ ဖျောင်းဖျခြင်းမရှိ။ မျက်လုံးချင်းပင် ဆုံကြည့်ခြင်းမရှိ။ တကယ့် သူစိမ်းတရံစာများသဖွယ် ရှောင်ဖယ်နေခဲ့ကြသည်။ သူမဘက်မှ တစ်ခုပိုသည်မှာ သူ့အပေါ်တွင် လက်စားချေခွင့်မရသေးသော ရန်သူတစ်ယောက်သဖွယ် တစ်စတစ်စ ပိုမို မုန်းတီးလာခြင်းဖြစ်သည်။ လက်စားချေ၇မည့် အခွင့်အရေးကို စောင့်နေရင်း မုန်းတီးမှုများကို ရနိုင်သမျှ စုဆောင်နေ၇သူဖြစ်သည်။ သူ ဘယ်လိုဖြစ်မှ ငါ စိတ်ချမ်းသာမှာပါလိမ့် .. သူ့ကို ပေးရမည့်အပြစ်တို့ကို တစ်ခုချင်းလိုက်၍ စဉ်းစားသည်။ သူမသည် မိန်းမသားတစ်ဦးမျှသာ ဖြစ်သောကြောင့် ဤမျှ လွယ်ကူလိမ့်မည်မဟုတ်ပါ။ အချိန်ဆိုသည်ကတော့ ရောက်လာမှာပါပဲ။ သူ့နှုတ်ခမ်းပေါ်က သကြားအုပ်ထားသော အဆိပ်များအတွက် အချိန်ရောက်လာရမည်။ သူတို့၏ ကြိုတင်စီစဉ်မှုများအတွက် အချိန်၊ သူမ ပေးအပ်ခဲ့ရသော အချစ်အတွက် အချိန်။ ငါ သူ့ကို ယုံခဲ့မိတယ်..။ ဤအကြောင်းအချက်သည် သူမအတွက် တစ်သက်လုံး ယူကျုံးမရ ဖြစ်သွားစေရန် လုံလောက်၏။ သူမ၏ လင်ယောက်ျားအပေါ်တွင် အထင်လွဲတတ်သော အလေ့အထ လုံးဝမရှိ။ သူမယောက်ျားသည် ငယ်ရွယ်စဉ်ကတည်းက ရည်းစားများစွာ ထားခဲ့ဖူးသည်။ သူ့ရည်းစားများ များပြားလွန်းသဖြင့် သူမမှတ်မိဖို့မဆိုထားနှင့် သူကိုယ်တိုင်ပင် တစ်ခါတစ်ရံ နာမည်စအ်းစားမရအောင် မေ့လျော့တတ်သည်။ တစ်ခါတစ်ရံ သူမ သိထားသော သူ့ရည်းစားဟောင်း တစ်ယောက်တလေနှင့် သူမတို့ စုံတွဲ လမ်းမှာ ကြုံဆုံလျှင် သူအနေခက်လေမလား..ဟု သူ့ကို အရိပ်တကြည့်ကြည့် နေရာက.. "မောင် .. ဟိုမှာ မောင့်ကောင်မလေးမဟုတ်လား၊ နှုတ်ဆက်လိုက်ဦးလေ"ဟု သူမက စတင်လမ်းဖွင့်ပေးခဲ့သည်။.

Monday, January 14, 2008

အက်ဆစ်တစ်ခွက်(၃)

လက်ဖ၀ါးကို လက်ဖမိုးဖြစ်ေ အာင်၊ လက်ဖမိုးကို လက်ဖ၀ါးဖြစ်အောင် ပြောတတ်လွန်းသောသူ့ချေပချက်များဖြင့် သူ့အပြစ်တို့ကို လှပအောင် တန်ဆာဆင်လိမ့်ဦးမည်။ "မဟုတ်ဘူးလေ၊ကိုယ့်ကိုစိတ်ကောက်တယ်ဆိုရင်လဲ ကိုယ်ဟာ ဘာအပြစ်နဲ့ တရားစွဲခံသင့်တယ်ဆိုတာတော့ ပြောပြပါဦး၊ အခုကိုယ့်အဖြစ်က ဘာမှန်းညာမှန်းမသိရ၊ နေစမ်းပါဦး၊ အခုကိစ္စက ကိုယ့်အလုပ်နဲ့ဆိုင်သလား၊ကိုယ့်အပေါင်းအသင်းနဲ့ ဆိုင်သလား၊ ဒါမှမဟုတ် ငွေကြေးနဲ့ ဆိုင်သလား" ချစ်ခြင်းမေတ္တာနဲ့ ဆိုင်တာ .. ဟုသာစိတ်ထဲကသာ ပြောမိသည်။ သူမရင်ထဲမှာ တလှပ်လှပ် မူးနောက်လာ၏။ ဖယ်စမ်းပါ။ ယခင်က

သူမတိမ်းမူးခဲ့ရသော သူ့ကိုယ်နံ့သည် ယခုအချိန်တွင် သူမအတွက် စက်ဆုပ်ရွံရှာဖွယ်ရာ အတိ ဖြစ်လာခဲ့၏။ကျွန်မကိုမထိနဲ့ဟူသော စကားကို ပြောပစ်လိုက်ဖို့ပင်လျှင် မိမိနှုတ်ခမ်းကို နှမြောနေသည်။ တကယ်တော့ကျွန်မဟာ အလှည့်စားခံလိုက်ရတာပဲ။ ကျွန်မရဲ့ ချစ်တတ်တဲ့ စိတ်ကို ရှင်က လှည့်စားပြီး ယူလိုက်တာပဲမဟုတ်လား။ ကြည့်စမ်းပါဦး။ သူမ တစ်နှစ်တိတိ လိမ်ညာခံခဲ့ရတာပါလား။ သူတို့နှစ်ယောက်က ငါ့ကိုဟားတိုက်ရယ်နေကြမှာပေါ့။ စီမံကိန်းတွေ အထပ်ထပ် ချထားတဲ့ ဇာတ်ကွက်တစ်ခုထဲမှာ ငါဟာ သူတို့ကြိုးဆွဲရာပျော်ပျော်ရွှင်ရွှင် က နေခဲ့တဲ့ အရုပ်တစ်ခုပေါ့။ သူမကို သင်္ချာတစ်ပုဒ်ပမာ သူတို့ တွက်ချက်အောင်မြင်ခဲ့သည်။သူမ ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့သောအခါ တစ်ချက်နှစ်ချက် ရှိုက်ငင်၍ မျက်ရည်များလိမ့်ဆင်းကျသွားတော့သည်။ သူ့ထံမှ ပင့်သက်ရှိုက်သံကို သဲကွဲစွာ ကြားလိုက်ရလေသည်။

"ပြောပြမှပေါ့ကွာ၊ အခုလို ငိုနေတော့ အချစ်ပဲ ပင်ပန်းမှာပဲ၊ လျှော့လိုက်ပါ၊ နည်းနည်းလေးဖြစ်ဖြစ်လျှော့လိုက်စမ်းပါ မိုးရယ်" သူက သူမပါးပြင်ပေါ်မှ မျက်ရည်တို့ကို အသာအယာလေး ဖယ်ရှားပေးသည်။ရှည်လျားနွေးထွေးသော သူ့လက်ချောင်းများ၏ ပွတ်သပ်မှုကို ဟိုတုန်းကတော့ သူမနှလုံးသားထဲမှမူးယစ်သွားအောင် တမ်းမက်ခဲ့ဖူးသည်။ ယခုအချိန်တွင် သူ့လက်များကို ပုတ်ထုတ်ဖယ်ပစ်လိုက်ရင်းအော်ဂလီဆန်လာသည်။ သွား .. ငါ့အသားနဲ့ ထိဖို့အထိ မသန့်ရှင်းဘူး။ ခါးသီးသော ခံစားမှုဖြင့် တစ်ကိုယ်လုံးတုန်ယင်လာသည်။ "မငိုနဲ့မိုးရယ်၊ လာ .. ခဏလေး ခုတင်ပေါ်မှာ လှဲအိပ်လိုက်၊ နည်းနည်း နားလိုက်ပါဦး၊တော်ကြာ မိုးဗိုက်ထဲက မောင့်သားလေး မျက်လုံးတစ်Aား ပြူးနေလိမ့်မယ် .. သိလား၊ မိုးငိုနေရင်လေ" မောင့်သားလေး .. ထိန်းချုပ်ထားသော ခံစားမှုသည် စုပြုံ၍ ပေါက်ကွဲသွား၏။ သူမနားထဲမှာ ကျယ်လောင်သောဆူညံသံဖြင့် တုန်ခါသွားသည်။ ပခုံးပေါ်မှ သူ့လက်ကို ဖယ်ထုတ်၍ အတတ်နိုင်ဆုံး ကြင်နာဟန်ဆောင်ထားသောသူ့မျက်နှာကို တစ်သက်လုံးမှတ်မိအောင် ကြည့်သလို ရွံရှာစက်ဆုပ်စွာ ကြည့်လိုက်သေးသည်။ ထို့နောက်ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးသော ဒေါသစိတ်နှင့်အတူ သူ့မျက်နှာကို ရှိသမျှ အင်အားဖြင့်လွှဲရိုက်ပစ်လိုက်တော့သည်။ သူ့ပါးပြင်နှင့် သူ၏ လက်ဖ၀ါး ထိမိသံသည် ထင်ထားသည်ထက် ပိုမိုကျယ်လောင်နေသည်။

အက်ဆစ်တစ်ခွက် (၂)

ပို၍ဆိုးသည်မှာသူမထံမှဘာအကြောင်းပြချက်ကိုမှသူမရရှိခြင်းပင်ဖြစ်သည်။ သူသည်လေးငါးရက်ခန့်တော့ သူမကို လိုက်လံချော့မော့၍ အကြောင်းရင်းကို မေးမြန်းနေခဲ့သေးသည်။ ရုတ်တရက်ကြီး စကားမပြောတော့ဘဲ ရှောင်ဖယ်သွားသော သူမကို သူ တအံ့တဩကြီးဖြစ်နေခဲ့သည်။ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ အဖန်တလဲလဲ မေးရသောအမေးကို သူ စိတ်ကုန်သွားမှာ သေချာသည်။ သူမတို့နှစ်ဦး၏ နောက်ဆုံးနေ့ရက်မှာ ရုံးပိတ်ရက် တစ်ညနေဖြစ်သည်။ "နေစမ်းပါဦး၊ မင်းအနေနဲ့ ကိုယ့်ကို ဘာမှမပြောဘဲ ခုလိုစိတ်ကောက်ပစ်လိုက်ရင် တို့နှစ်ယောက်ကြားက ပြဿနာပြီးသွားပြီလို့ ယူဆသလား" 'စိတ်ကောက်' ဟူသောစကားကို သူမဘက်က မကျေနပ်သော်လည်း စကားတစ်ခွန်း ပြန်ပြောရမှာ ၇င်လေးနေသောကြောင့် အသာအယာ ငြိမ်သက်နေခဲ့သည်။ "ပြောစမ်း .. ပြောစမ်း" စိတ်တိုတတ်သော သူ့ထုံးစံအတိုင်း သူမကို ဆွဲဆောင့်လှုပ်ယမ်း၍ မေးသောအခါလည်း အတတ်နိုင်ဆုံး မိမိနှုတ်ခမ်းတို့ကို ထိန်းချုပ်၍ မျက်ရည်မကျအောင် အားတင်းထားခဲ့သည်။ မျက်ရည်လုံးဝမကျစေရ။ သူကတော့ ဝမ်းနည်း၍ ကျသည့် မျက်ရည်ဟု ထင်လိမ့်မည်။ အသည်းနှလုံးထဲက ဦးနှောက်ထဲက စိမ့်၍ ထွက်သော ခါးသီးမုန်းတီးမှုသည်လည်း မျက်ရည်ကျစေတတ်ကြောင်း သူ သိမည်မထင်ပါ။ "အနည်းဆုံး မင်းကိုယ့်ကို ဘာလို့စကားမပြောချင်တော့တာလဲ ဆိုတာတော့ ပြောပြရမှာပေါ့၊ ကဲ .. မင်းစကားမပြောဘူးလို့ ဆုံးဖြတ်ထားတယ်ဆိုရင် စာနဲ့ရေးပြ၊ ဟုတ်လား" သူမ ခေါင်းယမ်းခြင်းအမှုကိုပင် ပြုလုပ်မပြခဲ့သောအခါ သူအတော် စိတ်တိုသွား၏။ ထို့နောက် အတတ်နိုင်ဆုံး ချုပ်တည်းထားရသော သည်းခံစိတ်ရှည်မှုဖြင့် သူမရပ်နေသော ပြတင်းတံခါးဝတင် အတူယှဉ်တွဲ၍ မတ်တတ်ရပ်လိုက်လေသည်။ သူမ၏ ပုခုံးနှစ်ဘက်ကို အနူးညံ့ဆုံး လှုပ်ရှားမှုဖြင့် ဖွဖွလေးကိုင်၍ သူမကို နမ်းရန် ကြိုးစားသည်။ "ချစ်ကလဲကွာ စိတ်လဲ တစ်ခါမှ မကောက်ဘူးပဲနဲ့၊ ဘာဖြစ်လို့ မောင့်ကို စိတ်ဆင်းရဲအောင် လုပ်ချင်ရတာလဲ၊ မောင်ငိုတာကို မြင်ချင်သလား၊ ဟုတ်လး၊ မောင့်အပေါ်မှာ ဘာမကျေနပ်တာရှိလဲ .. ပြော၊ ဘာလိုချင်လဲ ပြော၊ မပြောဘဲနဲ့ အဲဒီလို လုပ်နေရင် မောင်တို့နှစ်ယောက်လုံး စိတ်ဆင်းရဲရုံ ရှိမှာပေါ့" သူ့ရင်ခွင်တွင်းသို့ ရောက်လုနီးပါး ဖြစ်နေသော ကိုယ်ခန္ဓာကို ဇွတ်ရုန်း၍ ထွက်လိုက်သည်။ ခါးသက်သော အရသာဖြင့် လက်ဖျားခြေဖျားများ အေးလာပြီး တရိပ်ရိပ်တက်လာသော ဒေါသငွေ့တို့ကို ထိန်းချုပ်မျိုချပစ်နေရသောအခါ ရင်မှာ အဆမတန် ဆို့နင့်နေသည်။ အင်မတန် ဟန်ဆောင်ကောင်းတဲ့လူ။ မိန်းကလေးတစ်ယောက် ယုံကြည်အောင် အင်မတန် အပြောကောင်းတဲ့လူ။ သူမတို့နှစ်ဦးအကြားရှိ ပြဿနာကို ဖွင့်ပြောစွပ်စွဲလိုက်လျှင် သူက လှပသောလိမ်လည်မှုများဖြင့် ချိုသာစွာ ငြင်းဆိုတော့မည်။

Sunday, January 13, 2008

အက်ဆစ်တစ်ခွက်(၁)

လေချွန်သံ ခပ်သဲ့သဲ့သည် ဆောင်းလေးနှင့်အတူ တရုတ်ကတ်မှန်များအ ကားမှ တိုးဝင်လာ၏။ ထိုအခါ နံ၇ံရှိ တိုင်ကပ်နာရီကို အမှတ်မထင် မော့ကြည့်ရင်း မောင်ပြန်လာတာဟု လွှတ်ခနဲ တွေးမိသွား၏။ အို .. ငါ့နှလုံးသားထဲက မြတ်မြတ်နိုးနိုးခေါ်တဲ့ 'မောင်'ဆိုတဲ့ စကားဟာ သူနဲ့လုံးဝ မတန်ပါဘူး။ ဒါကို ခဏခဏ သတိထားစမ်းပါ။ ကြည့်စမ်းပါဦးး၊ ည ၁၂ နာရီခွဲဆိုတာ ယောက်ျားတစ်ယောက် ဖောက်ပြန်ဖို့ အကောင်းဆုံးအချိန် ဖြစ်မှာပေါ့။ ထိုအခိုက်အတန့်မှာပင် ခြံဝန်းတံခါးနှင့် ဆက်သွယ်ထားသော နိုင်လွန်ကြိုး၏ လှုပ်ရှားမှုကြောင့်ဧည့်ခန်းမှာ ချိတ်ဆွဲထားသည့် သံစုံခေါင်းလောင်းကလေးများ အသံထွက်ပေါ်လာသည်။ ငါ .. သူ့ကို မျက်နှာချင်း ဆိုင်ရဦးမှာပါလား။

ဟိုတုန်းက မြတ်မြတ်နိုးနိုး ချစ်ခင်စုံမက်ခဲ့သော မျက်နှာသည် ယခုတော့ ခါးသီး နာကြည်းဖွယ်ရာ ဖြစ်လာခဲ့ပြီ။ သူ့မျက်လုံး သူ့နှုတ်ခမ်းတို့ကို ပူလောင်သော မုန်းတီးမှုနှင့် မြင်နေရဦးမည်။ အမှန်တော့ အခန်းထဲမှာ တံခါးပိတ်ပြီး နေဖို့ကောင်းတာပဲ၊ ခြံတံခါးကို သူမ ဖွင့်မပေးတော့တာ ကြာပြီ။ သူ့တပည့်ကလေး ဖွင့်ပေးနေကျဖြစ်သည်။ သို့စဉ်လျက် သူမသည် ဧည့်ခန်းရှိ ပက်လက်ကုလားထိုင်တွင် ထိုင်ရင်း၊ စာအုပ်တစ်ခုခုကို ဖတ်ရင်း သူအိမ်ပြန်ချိန် စောင့်ကြည့်နေကျ ဖြစ်သည်။ မုန်းတီးမှုများ ပြည့်လျှံလာသောအခါ မြေနှင့်ဖိနပ် ထိမိသော ခြေသံပင်လျှင် နာကြည်းဖွယ်ရာ ပါပဲလား။ သူသည် ၀တ္ထုစာအုပ်ကို ငုံ့ကြည့်နေသော်လည်း မျက်စိထောင့်မှ ရိပ်ခနဲ သူဝင်လာသည်ကို မြင်ရ၏။ အခါတိုင်း ရက်များကဲ့သို့ပင် သူ တိုက်အိမ် သံတံခါးကို အသံမြည်အောင် ကြမ်းတမ်းစွာ ဆွဲပိတ်၏။ မျှော်လင့်ထားသော အသံဖြစ်ပါလျက် ရုတ်တရက် ကျယ်လောင်သော တံခါးပိတ်သံကြောင့် သူမ ထိတ်ခနဲ ရင်ခုန်သွားသည်။

သူမအနီးမှ ဖြတ်လျှောက်သောအခါ သမံတလင်းပေါ် ရှူးဖိနပ်ရှပ်တိုက်သံမှာ လိုအပ်သည်ထက် ပိုမိုကျယ်လောင်နေ၏။ လှေကားခြေရင်းမှာ သူဖိနပ်ချွတ်ပြီး ဖိနပ်တို့ကို အုတ်နံရံသို့ ကန်ပေါက်ပစ်လိုက်သည်။ သူမ နှလုံးဆီမှ အောင့်သွား၏။ သူ လှေကားမှ တဒိုင်းဒိုင်းအသံမြည်အောင် ပြေးတက်သွားသည်။ နာရီစက်သံမှလွဲ၍ တိတ်ဆိတ် ငြိမ်သက်လွန်းသော ပတ်ဝန်းကျင်ကြောင့် သူ့ခြေသံမှာ အဆမတန် ပြင်းထန်နေသလို ရှိသည်။ သူဟာ နဂိုတည်းက ခြေသံကြမ်းတမ်းတာပါပဲလေ ဟု ဖော့တွေးသော်လည်းမရ။ ဒါ င့ါကိုနာကျည်းစိတ်တွေနဲ့ ရိုင်းစိုင်းသွားတာပဲ .. ဟု ထင်လာသည်။ ဘောင်းဘီဝတ်ထားသောကြောင့် ပုဆိုးခတ်သံကို ကျယ်လောင်စွာ မကြားရတာတစ်ခုကိုတော့ စိတ်သက်သာစေပါသည်။ ဒါတောင်မှ ပျဉ်ခင်း ကြမ်းပြင်ပေါ်မှာ သူလမ်းလျှောက်သွားသံ၊ သူမဦးခေါင်းအပေါ် တည့်တည့်ရှိ သူမတို့နှစ်ဦးး၏ အခန်းဆီမှ သေတ္တာဖွင့်သံပိတ်သံ၊ ကြမ်းပြင်ပေါ်သို့ ခေါင်းဘီး (သို့မဟုတ်) ခါးပတ်တစ်စုံတစ်ခု လွတ်ကျသံ အသံမျိုးစုံကို ကြားနေရသည်။ ဤကဲ့သို့ စိတ်ညစ်ညူးမှုများဖြင့် ဘ၀တစ်သက်လုံး နေသွားရတော့မလား။ တွေးမိသောအခါ နာကျဉ်သောရင်သည် မွန်းကျပ်၍လာ၏။ နှစ်ယောက်တည်းရှိသော အိမ်တွင် တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြသောအခါ စိတ်ဆင်းရဲမှုကို ထွက်ပေါက်ရှာပေး၍ မတွေ့ဘဲ ဖြစ်နေသည်။

Friday, January 11, 2008

ငါ မင်းကိုချစ်တယ်

ငါ မင်းကိုချစ်တယ်...
သေဆုံးခြင်းကင်းတဲ့ ချစ်ခြင်းတွေကြား
ငါ့ဝိညာဉ်နဲ့ အတူ သေဆုံးလဲကျ ချစ်နေမယ်၊၊

ဒါပေမယ့် ..ရင်မှာစိုးထိတ် ကြောက်ရွှံအချစ်မျိုး
မင်းရင်မှာ ကြာရှည်မထားပါနဲ့ ၊၊
ဒီလိုအချစ် ငါထပ်ပေးဖို့  ဆန္ဒမဲ့ခဲ့ပြီ။။

ငါမင်းကို ချစ်တယ်...
မျှော်လင့်ခြင်းမရှိ၊ စကားလုံးမသိတဲ့ 
ရှက်စိတ်မှုကင်း မနာလိုခြင်း ဖြစ်ခဲ့တယ်။

ဒါကြောင့် ရိုးရိုးရှင်းရှင်း၊အပြစ်ကင်းတဲ့ 
ချစ်ခြင်းမျိုးနဲ့ ငါချစ်နေတော့မယ် ၊၊

ဒိလိုအချစ် ထပ်မဖြစ်အောင်
ဘုရားသခင်ထံဝပ်ဆင်း ခွင့်ပြုခြင်းကို
တောင်းဆိုပေးပါ့ မယ်၊၊

ဇန်န၀ါရီ ..<<11>>08

Thursday, January 10, 2008

လွတ်မြောက်ခြင်းလမ်းစ


ဘ၀တစ်သက်တာအတွက် ၊ဆင်ခြင်ဆုံးဖြတ်
ဝမ်းရေးအတွက် ၊တစ်ရက်စာဖူလုံရေး၊
တွေဝေစဉ်းစားရင်း လက်ချိုးလို့ ရေတွက်
လခထုက်ရက်။

လူမှုရေးတစ်ဖက်၊အကြောင်းမျိုးအတွက်
လက်ဖက်ရည်ဆိုင်ထိုင်၊အိတ်ထဲက စိုက်ရှင်း
လူရှေ့ သူရှေ့ ၊မျက်နှာချိုပြ
ကွယ်ရာကြရင်၊မျက်နှာကတင်း
ချပ်နေတဲ့ အိတ်ကိုစမ်းရင်း။

ကောင်းကောင်းဆိုးဆိုး၊ကြောင်းမျိုးမျိုးနဲ့ 
ကြောင်းမျိုးဝေဖန်၊လောကဓံမှာ
နေရာတကာရိုက်စား၊မုသာဝါဒတွေများ၊၊၊

သြော်....... လောဘတရား
ဒေါသတရား
မောဟတရား............၊၊၊

ကြမ္မာရိုင်းစိုင်း၊ဘ၀မုန်တိုင်းဝယ်
တရားသုံးပါး၊
ထိုသို့ များမှ
ငါ.......... ဘယ်တော့ များ လွတ်မြောက်နိုင်ပါ့မလဲ။။။။။။။။။။။
၁၂၊ဇွန်၊၂၀၀၃ >သင်တန်းတစ်ခု အမှတ်တရ<

Tuesday, January 8, 2008

ရင်ခုန်သံချင်း

ရင်ခုန်သံချင်းခင်းတာမို့  ဒီစစ်ပွဲမှာ
ဓားလှံတွေမလိုပါဘူး ။။

လောကမှာ အချစ်တတ်ဆုံးသူတဲ့ ..
အဲဒါ ဘယ်သူဖြစ်မှလဲ။။

အင်း.....ဒါဟာမိန်းမလှတစ်ယောက်ရဲ့ 
စွန့် စာခန်းလို့ ခေါ်ချင်ခေါ်နိုင်တယ်။

ကဲ ...ထကြည့် စမ်း
မနက်ခင်းဆီမှာ ပြတင်းတံခါးဖွင့် လိုက်

အပြုံးတွေ ဆွေးဆွေးရဲရဲ ဖွင့် လို့ ရင်ဖွင့် ကြိုနေတဲ့ 
နှင်းဆီလမ်းပေါ်
သူမ ....တစ်လှမ်းချင်းလျှောက်လာပြီ။။

အမှောင်ထုရဲ့  လှန့် နေကြ အသံဟာ ရုတ်ချဉ်းဆွံ့ အ ..
လိပ်ပြာက ကြိုးနဲ့  ဆည်းဆာသစ်ကို ပျိုးခဲ့ တယ်။။

ပြီးတော့  ..
သူမ နှုတ်ခမ်းဆီက တိုးတိုးညှင်းညှင်း
´အရင်လို ဆောင်းရာသီ အလွမ်းနဲ့  ငါ့ ကို
ဒီတခါ ရင်ငွေ့ နဲ့ နွေးစေ လိမ့် မယ်တဲ့ ´ ...

Template Design | Elque 2007