Sunday, December 16, 2007

လွမ်းလက်စ

မေရယ် မမေ့ဘူးပဲထား
ဆောင်းရောက်ပြီနော် . . .
လွမ်းလက်စမှမကုန်သေးခင်လာပြန်ပြီ
နှင်းငွေ့တွေမိုးတွေသည်းလို့ကောင်းနေတုန်း
ဗြုန်း..ဆိုဆောင်းရောက်လာတယ်...........

မြူတွေထောင်းလမောင်းထအောင်ဆိုင်းလှ
မှိုင်းညို့ညို့ဟိုတောတန်းဖြတ်သန်းဖို့ကြံခဲ့စဉ်က
နေရာမရွေးတဲ့အလွမ်း
သူကပဲတပန်းသာရော့သလား

အမေးများစွာအတွေးတရား........
အစဉ်မှာ....ဘေးမများချင်တာလဲပါရဲ့
နန္တသူရိယ..အမတ်ကြီးရေးတဲ့
\"သူတည်းတယောက်\".....အစချီတဲ့
မျက်ဖြေလင်္ကာကရောရင်ကိုတိုက်စားခဲ့လေသလား.......

အမှတ်များစွာ.....ရင်ခွင်မှာ
စုရတနာလိုဥထားတဲ့
စေညွှန်ရာကိုရော်ရမ်းမှန်းဆ....
တမ်းတရတာအကြိမ်ကြိမ်ပါပဲ.......

ထောင်းလမောင်းကြေတဲ့
ဆောင်းပေါင်းလည်းမနည်းတော့
ခပ်ပေါ့ပေါ့လေးတွေးရယင်လေ
လွမ်းနေချင်သေးတယ် ..

Template Design | Elque 2007