Wednesday, December 19, 2007

ငါရှိနေခဲ့တယ်

အနာဂတ်ကိုလည်း
ကြိုမတွက်ဘူး
အတိတ်ကိုလည်း မတူးဆွဘူး
ငါကလက်ရှိအနေအထားလေးမှာ
နင့်ကြောင့်နေပျော်တတ်လာခဲ့တာ ။။
နင့်ကိုချစ်တဲ့စိတ်တွေနဲ့
ငါ့ကိုငါတောင် မမှတ်မိလေတော့
ငါ့ရင်ခွင်ကြားက
နင့်ပုံရိပ်တွေက
ငါ့ကိုယ်ပွားတွေလို ဖြစ်နေခဲ့ပြီ ။။
အဆုံးသတ်မယ့် ကဗျာတပုဒ်ပါ
စာလုံးပေါင်းတွေ မှားနိုင်ပေမယ့်
ခံစားချက်ကတော့ သတ်ပုံအမှန်ပါပဲ ။
ဝါကျတွေမှာ
သဒ္ဒါမှားရင်မှားမယ်
ရင်ခုန်သံကတော့ အထားအသိုမလွဲဘူး ။
ရိုးသားမှူတွေနဲ့
လုံလုံခြုံခြုံ ၀တ်ရုံပေးထားတယ်၊
အယူခံဝင်တယ်ပဲဆိုဆို
ဖြောင့်ချက်ပေးတယ်ပဲ
ပြောပြောအဲ့ဒီမှာနင်မရှိတဲ့
နေ့ရက်တွေရောနင်ရှိခဲ့တဲ့ နေ့ရက်တွေရော
အစီအစဉ်တကျရှိနေတာကို
နင်တွေ့လိမ့်မယ်။။

Template Design | Elque 2007