Thursday, February 7, 2008

တပို့တွဲလဘွဲ့

ရာသီချိန်ခါရောက်လို့
လဲပေါက်ကယ်ပွင့်ညီ
ရွှေဖီနံ့သာနှင့်
ခြောက်ရောင်ဝါစေတီရင်းမှာလ
ဆယ်စင်းလက်စုံဖူး
ဦးမြှောက်လို့ချီ။
ငွေနှင်းရယ်စီ
သုံးလီသမယ
ယူဇနာမြင့်မြတ်ကယ် သင်္ချာနှင့်
ယုဂန်ညာတောင်တော်စွန်းမှာ
ထွန်းလိမ့်မာဃ။
ဖိုးသူတော်ဦးမင်း

2 မှတ်ချက်ပေးရန်:

Pinkgold said...

မိုက်တယ်
ရာသီခွင်ကို ပေါ်လွင်စေတယ်
ဆက်လုပ် ရဲဘော်

ဒါနဲ့ ကောင်ဆိုးလေးက ဘယ်သူလဲဟင်
ကျွန်မကို လော်ရာ ဆိုပြီး ရင်းရင်းနှီးနှီးခေါ်နေတော့ ပလန်းနက် ဖိုရမ်ကများလားရှင်

Anonymous said...

လော်ရာရေ မဟုတ်ပါဘူး ခင်ဗျ
ကျွန်တော်ကတော့ မြန်မာမိသားစု ဖိုရန်ကပါ
မလော်ရာနဲ့ တော့ မရင်းနှးလောက်ပါဘူးခင်ဗျ

Template Design | Elque 2007