Saturday, February 16, 2008

နေ၀င်တော့မည် အိုနှမ

နေ၀င်တော့မည် အိုနှမ

နေ၀င်တော့မည်
ကောင်းကင်ဆီဝယ်
နေခြည်အရောင်၊တိမ်အရောင်သည်
ညိုရောင်ယှက်သန်း နေလေပြီ။

အိုဘယ့် နှမ၊ချစ်နှမငဲ့
မြစ်မကမ်းဘေး၊ထိုင်ကာငေး၍
လွမ်းဆွေး မနေပါနှင့်တော့။

ယခုပင်လျှင်၊ရေအိုး ငင်၍
ရေစင်အပြည့် ခပ်ပါဘိ။

ရေခပ်ပြီးသော်
ခရီးလမ်းမှာ၊မောပန်းလာသော
သူငါအများ၊ခရီးသွားကို
ကြီးမာမေတ္တာ၊စေတနာဖြင့်
ကြည်သာချိုမွှေး၊သင့်ရေအေးကို
တိုက်ကျွေးပြုပါ့ အိုနှမ။


ဆရာမင်းယုဝေ ရေးသားထားတာပါ ..
..

1 မှတ်ချက်ပေးရန်:

ThinkingHoney said...

မြစ်မကမ်းဘေး ထိုင်ကာငေးပြီး ပူဆွေးမနေတော့ဘူး :D
ကောင်းလိုက်တဲ့ကဗျာ မေ့နေတာကြာပြီ
ပြန်လည် ဖော်ထုတ်ပေးလို့ ကျေးဇူးပဲ

Template Design | Elque 2007