Monday, February 25, 2008

တစ်စုံတစ်ယောက်ကို ချစ်မိခြင်းနဲ့ ခင်မင်မှုကြားမှာ ရှိတဲ့ကွာဟာမှုများ


မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းချစ်သွားပြီဆိုရင်မင်းရင်တွေအရမ်းခုန်သွားလိမ့်မယ်

တကယ်လို့ မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းခင်သွားပြီဆိုရင်မင်းပျော်ရွှင်မှုတွေရလိမ့်မယ်။

မင်းရဲ့ရှေ့ကမင်းရဲ့ရှေ့ကလူတစ်ယောက်ကို မင်းချစ်သွားပြီဆိုရင်မင်းရှေ့မှာဆောင်းရာသီလေးတစ်ခုပေါ်ထွက်လာ တယ်လို့မင်းထင်လိမ့်မယ်။တကယ်လို့ မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်း ခင်သွားပြီဆိုရင် မင်းရှေ့မှာ ဆောင်းရာသီလေးတခုက ဆောင်းရာသီလေးလို လှပနေပါလိမ့်မယ်။

တကယ်လို့မင်းချစ်တဲ့သူရဲ့မျက်လုံးအတွင်းကိုမင်းကြည့်လိုက်မိတယ်ဆိုရင်၊မင်းမျက်နှာတွေနီမြန်းပြီ ရှက်သွား လိမ့်မယ်။ဒါပေမယ့်မင်းခင်တဲ့သူရဲ့မျက်လုံးတွေကိုမင်းကြည့်လိုက်မိတယ်ဆိုရင်၊မင်းပြုံးသွားပါလိမ့်မယ်။

မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းချစ်သွားပြီဆိုရင်မင်းစိတ်ထဲကအကြောင်းအရာတွေအားလုံးကို မင်းဖွင့်ပြော နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းခင်သွားပြီဆိုရင်မင်းဖွင့်ပြောပါလိမ့်မယ်။

မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းချစ်သွားပြီဆိုရင်မင်းရှက်ရွှံ့ခြင်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ တကယ်လို့ မင်းရဲ့ရှေ့ကလူတစ်ယောက်ကိုမင်းခင်သွားပြီဆိုရင်မင်းဟာ မင်းရဲ့ကိုယ်ပိုင်ဟန်အနေအထားအတိုင်းရှိနေပါ လိမ့်မယ်။

မင်းချစ်တဲ့သူတစ်ယောက်ကိုမင်းမျက်လုံးချင်းတိုက်ရိုက်ယှဉ်ပြီးမကြည့်ရဲပါဘူး။မင်းခင်တဲ့သူတစ်ယောက် ကိုဆိုရင်မင်း မျက်လုံးလေးတွေဟာပြုံးရင်းတိုက်ရိုက်ကြည့်ရဲနိုင်ပါတယ်။

တကယ်လို့မင်းချစ်တဲ့သူတစ်ယောက်ဟာငိုကြွေးနေတယ်ဆိုရင် မင်းဟာလည်းသူနဲ့အတူငိုမိမှာပါပဲ။

ဒါပေမယ့်မင်းခင်တဲ့သူတစ်ယောက်ဟာငိုကြွေးနေမယ်ဆိုရင် မင်းဟာသူကို မငိုဖိှု့နှစ်သိမ့်ပါလိမ့်မယ်။

ချစ်ခြင်းရဲ့အစဟာ မျက်စီကပါ။ခင်မင်မှုရဲ့ အစကတော့နားကပါ။

ဒါကြောင့်မင်းဟာ လူတစ်ယောက်ကို ခင်မင်မှုတွေရပ်တင်ချင်တင်ဆိုရင်တော့ မင်းလိုအပ်တာကတော့မင်းရဲ့ နားတွေကို ဖုံးအုပ်ကာကွယ်ထားရပါမယ်။

အကယ်၍မင်းမျက်လုံးတွေကိုပိတ်ပစ်ဖို့မင်းကြိုးစားလိုက်မယ်ဆိုရင်၊အချစ်ကမင်းကိုမျက်ရည်စက်တွေ အဖြစ်ဖန်ဆင်းပေးမှာဖြစ်ပြီး မင်းရဲ့နှလုံးသားကိုလည်းအမြဲတမ်းနာကျင်မှုတွေ ကျန်နေရစ်မှာပါ။

ဒါကတော့ အချစ်နဲ့ ခင်မင်မှုကြားမှာရှိတဲ့ ကွာခြားနေတဲ့ အချက်လေးတွေပါပဲ

8 မှတ်ချက်ပေးရန်:

ThinkingHoney said...

ဟာ မှတ်သားလောက်ပါပေတယ်ဗျာ

lwansay said...

ကောင်းတယ်ဗျာ။ မိုက်တယ် ။ကြိုက်တယ်။ ဒါလေးတောင် မျှဝေဖို့ တောင်းဆိုခြင်သေးတယ်။

Anonymous said...

ကို လွမ်းစေ လိုအပ်ရင်ယူပါခင်ဗျာ..ခွင့်ပြုပါတယ်
အားပေးလို့ ကျေးဇူး ..ကြိုးစားပြီးရေးပါအုံးမယ်

Anonymous said...

“ချစ်ခြင်းရဲ့အစဟာ မျက်စီကပါ။ခင်မင်မှုရဲ့ အစကတော့နားကပါ။”
ဒီစာသားလေးကို မှတ်သားသွားပါတယ်ခင်ဗျ.. ကျွန်တော်ကတော့ မျက်စိလည်း ပိတ်ဘူး.. နားလည် စွန့်ထားပါတယ်ခင်ဗျ.. အကုန်ရချင်လို့ :D

naylay said...

အကိုဒါလေးကိုတော့ကြိုက်တယ်ဗျာ..ကဗျာအသစ်လေးတွေလည်းအချိန်ရရင်ရေးပေးပါအုံး။

စိုးထက် - Soe Htet ! said...

ချစ်တာနဲ့ ခင်တာ အခုမှ ကွဲ သွားတယ် :) ကျေးဇူး ဗျို့ :)

Saing Khan Tun said...

သူကို
ချစ်တာလား ..
ခင်တာလား ..
သေချာပြန်သုံးသပ်ဦးမယ် ...
ကောင်မလေးအတွက်လား ...
ယောက်ျားလေးအတွက်လားဗျ ...

Saing Khan Tun
saingkhantun@gmail.com
saingkhantun.blogspot.com
saing.top-me.com

Yan said...

မစဉ်းစားမိတဲ့ အကြောင်းအရာလေးတွေကို ထောက်ပြပေးသွားတဲ့ ပို့စ်ကောင်းလေးတစ်ခုပါပဲဗျာ. ကောင်းတယ် ကောင်ဆိုးလေးရေ. အားပေးနေမယ်...

Template Design | Elque 2007