Thursday, January 3, 2008

ဘ၀ရထား

ဘ၀ရထား

ခုတ်မောင်းနေတဲ့ ရထားမှာ
ဘူတာတွေ တစ်ခုမက ရှိတာပဲလေ။
ဘူတာ မှားရပ်မိတဲ့ ရထားတစ်စင်း အဖြစ်
ကိုယ်....အလင်းမဲ့ခဲ့ဖူးတယ်။

တစ်ခါဆို ဆိုသလောက် ပါပဲ
တစ်ဘ၀စာလုံး အငိုမျက်ရည် တွေစိုလို့။
နှလုံးသား အတွက် အလင်းဆိုတာ
အမှားမကင်းတဲ့ ရထားတစ်စင်းလိုပါပဲ။

မှန်ကန်တဲ့ ဘူတာ အရောက်
နောက်မကျအောင် ခရီးပြင်းနှင်
ဘ၀အတွက် ပြင်ဆင်ရဦးမှာပဲလေ။
နှလုံးသားဟာ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း လေးပါကွယ်.

1 မှတ်ချက်ပေးရန်:

Emily said...

ဒီကဗျာလေး ခိုက်တယ်ဗျာ

Template Design | Elque 2007