Thursday, January 3, 2008

အိမ်မက်မက်တတ်သူများ ...တမ်းတတတ်သူများသို့ 

မာယာတွေပါ

မင်းဆံပင်ထက်ပိုပြီး
ရှုပ်ထွေးများပြားတဲ့
မာယာအတတ်တွေကို
ဘယ်သူကဘယ်သူ့ကို
ဘယ်ခေတ်တည်းက
လက်ဆင့်ကမ်းလိုက်သလဲ၊

တကယ်တော့......တို့အားလုံး
မာယာတောမှာမျောခဲ့ကြ
မာယာတောမှာမောခဲ့ကြ
ခဏခဏဆိုသလိုပ၊

ခွဲခဲ့ကြခွာခဲ့ကြ
မာယာအနန္တနဲ့လူဖြစ်ခဲ့ကြ
တကယ်တွေးကြည့်ယင်
ဘယ်လောက်ခံပြင်းစရာကောင်းလိုက်လဲလို့
စဉ်းစားတိုင်းရင်နာယုံကလွဲလို့

ဘာတတ်နိုင်ခဲ့လို့လဲ
တကယ်တော့မာယာတောမှာ
မောခဲ့ပေါင်းလဲများပြီ
ထောင်စုနှစ်တခုမက
ရှိနေခဲ့မလားပဲ၊

တကယ်ပဲ ကဲကိုကဲတယ်
အမြဲလဲလွဲခဲ့တယ်
ဝင်္ကဘာမာယာတောမှာ
ရင်နာကာပြောချင်ပေမယ့်
နင့်တခါမြင်ရဖို့အရေး

မာယာပရပွအတွေးတွေမှာ
ငါဟာတဘ၀ပေးဆပ်
အရာရာဟာချည်နှောင်ရစ်ပတ်။ ။

1 မှတ်ချက်ပေးရန်:

Anonymous said...

и всё эе: спасибо!! а82ч

Template Design | Elque 2007