Thursday, January 3, 2008

သူကြောင့် 

သေချာပါတယ်...
သူ့ကြောင့်သာ မဟုတ်ခဲ့ရင်...
ပရိယာယ်ကင်းတဲ့ အပြုံးနှင့်
အရှုံး အနိုင် မရှိတဲ့ မေတ္တာတရား အကြောင်း
သံသယ ကင်းကင်း ယုံကြည်ဖြစ်မယ် မထင်ဘူး၊

သူ့ကြောင့်သာ မဟုတ်ခဲ့ရင်....
ရုတ်တရက်ဆို မသိနိုင်တဲ့
လူ့ယဉ်ကျေး ပဥစလက်
တစေ့တစောင်းလည်း ရှောင်တိမ်းတတ်မယ် မထင်ဘူး။

သူ့ကြောင့်သာ မဟုတ်ခဲ့ရင်...
အဆုတ် အတက်မြန်တဲ့
လောကရဲ့ ဒီရေလှိုင်းတွေကြား
အန်တုစိတ်နှင့် ပြန်ခုခံဖြစ်မယ်မထင်ဘူး။

သူ့ကြောင့်သာ မဟုတ်ခဲ့ရင်...
သေချာတယ်....
အရင်လို ငိုချင်ရက် လက်တို့ ခံစားချက်တွေနှင့်
အရာရာကို လိုချင်လျက် စွန့် လွတ်
တဖက်သတ် အရှုံး ပေးမှုတွေထဲ ပဲ ကိုယ်......
အခုအချိန်ထိ သွေးအေး သတ္တ၀ါ တစ်ကောင် ဖြစ်နေ ဦးမယ် ဆိုတာ....

1 မှတ်ချက်ပေးရန်:

Anonymous said...

de poem lay ngar like tal .. mite tal ha

Template Design | Elque 2007